Arc2.5

10K 1.7K 132
                                    

ARC 2.5

တကယ်တော့....ဖန်ယွမ် ဒီကမ္ဘာကိုရောက်ခါစက အရမ်းကို စိတ်လှုပ်ရှားသွားခဲ့တာ.....ဘာလို့လဲဆိုတော့.....နှစ်တစ်ထောင်လောက် မိန်းကလေးဆန်ဆန်နေခဲ့ရတဲ့သူက နောက်ဆုံးတော့ ........အလှပဂေးလေး ဆိုတဲ့အရေခွံ ကို ချွတ်ပစ်လိုက်နိုင်ပြီး.....ရင့်ကျက်တည်ငြိမ်တဲ့ ခန့်ချောကြီး ဖြစ်လာပြီလေ။ပျော်စရာကောင်းလွန်းလို့..ခေါင်းမိုးတွေ ပွင့်ထွက်သွားအောင် အော်ဟစ်ပစ်လိုက်ချင်တယ်......

သို့သော်...သူအောင်ပွဲခံတာ စောသွားမှန်း သူရှာတွေ့လိုက်ရသည်။....ဘာကြောင့်လဲ ဟုတ်လား??ဘာကြောင့်လဲဆိုတော့.....သူမျက်မှန် ချွတ်လိုက်ပြီး...အထူးသဖြင့် သူမျက်ဝန်းကျယ်ကျယ်ဖွင့်ဟ လိုက်တဲ့အချိန်မှာ.......အရင်တုန်းကလို.....သူ့ရဲ့ မူလပုံစံ.....အလှပဂေးလေး.....အဖြစ် ပြန်ပြောင်းသွားလို့ပါဘဲ......တကယ့်လိုဖျောက်ဖျက်လို့မရတဲ့ ကျိန်စာဆိုးကြီးလားကွာ!! လုပ်စမ်းပါ!!တာဝန်ကို ငြိမ်း​​ငြိမ်းချမ်းချမ်း နဲ့လုပ်လို့ရမဲ့.....လူတစ်ယောက် ဖြစ်လို့မရဘူးလား??
''တည်ငြိမ်ရင့်ကျက်တယ်''.....''အပြင်ပိုင်းအေးတိအေးစက်နဲ့...အတွင်းပိုင်းမှာ ရမ္မက်ပြင်းပြတယ်''. .....ဆိုတာ သောက်ကျိုးနည်း ဒီလိုပုံစံလား??သူက လုံးဝကို....အားနည်း...နူးညံ့....စွဲမက်လောက်စရာ....အောက်ပုဂ္ဂိုလ် ရှို့ လေးမှန်း အသိသာကြီးကို....ဟုတ်တယ်မလား??

ထိုအချိန်မှာပင်...ရှောင်ဝူသည် ...
အသင့်တော်ဆုံး အကြံဉာဏ်တစ်ခု ပေးလာသည်။
"ဒင်......သခင် မျက်မှန် ဆက်ဝတ်ထားလို့ရပါတယ်.....သခင့်ရဲ့...နတ်ဘုရားအဆင့် သရုပ်ဆောင် စကေးနဲ့ဆို......သူ့ရဲ့...အမူအကျင့်လေးကို ပြောင်းလိုက်ယုံနဲ့....သူ့ရဲ့.ရုပ်ရည်သွင်ပြင် ကို ပြောင်းလဲနိုင်လောက်ပါတယ်''

ဖန်ယွမ်သည် တိတ်တဆိတ် မျက်မှန်ကို ပြန်ဝတ်လိုက်သည်။မျက်လုံးကို မှေးကျဥ်းလိုက်ပြီးနောက် မှန်ထဲ တစ်ခါ ပြန်ကြည့်လိုက်သည်။မျှော်လင့်ထားသည့်အတိုင်း...သူ၏ဟန်အမူအရာ ကို ပြောင်းလိုက်သည်နှင့်....ယခင်ကထက်....ပို၍တည်ငြိမ်ရင့်ကျက်ကာ ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသော...အသွင်သဏ္ဍန်သို့ ပြောင်းလဲသွားသည်။ဖန်ယွမ် သည် ပြောစရာစကား မဲ့စွာ မျက်မှန်ဘောင်များအား ထိတွေ့လိုက်သည်။ထို့နောက်....သူ့တွေးလိုက်မိသည်။ မျက်မှန်တစ်လက်က ဒီလောက် အသုံးဝင်မှန်း....သူအရင်တုန်းက ဘာလို့ မသိခဲ့ပါလိမ့်??

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now