ARC 3.10

9K 1.1K 59
                                    

ARC 3.10

သူသည် တစ်စုံတစ်ယောက်၏ အသွင်စစ်ကို ဖော်ထုတ်ပြီးသည့် နေ့မှအစပြု၍ ဖန်ယွမ်သည် သူသည် ကံဆိုးမိုးမှောင်ကြသော ဝဲဂယက်များအလယ် ရှင်သန်နေသည်ဟု နက်ရှိုင်းစွာ ခံစားမိသည်။ဇာတ်လိုက်သည် ဇာတ်ကြောင်းအပေါ် မြူတစ်မှုန်စာပင် ထပ်မံ၍ ဝင်မရှုပ်တော့သော်လဲ___၎င်းသည် သူ့အား ရိုလာကိုစတာ စီးနေရသကဲ့သို့ စိတ်တထင့်ထင့် ဖြစ်နေစေသော်လဲ___သို့သော်.....

နေ့တိုင်းနေ့တိုင်း သူ့မှာ ဇာတ်လိုက်မ တစ်ယောက် အပိုးပန်းခံနေရတဲ့ ဘဝလိုမျိုး ရှင်သန်နေရတယ်..ဟုတ်သလား မဟုတ်သလား မင်းတို့သာ တွေးကြည့်ပေတော့??အရွယ်ရောက်ပြီးသား ယောကျာ်းနှစ်ယောက်က ဘယ်ရေကန် ကို အတူ သွားလည်တာတို့..ဘယ်ပန်းပွဲတော်ကိုဖြင့် အတူ သွားရှုစားတာတို့..ဘယ် ဘုရားပွဲတော်ကိုဖြင့် အတူသွားဆုတောင်းတာတို့ လုပ်လို့လဲ??''အရှက်သိက္ခာ''ဆိုတဲ့ စကားလုံးကို ဘယ်လိုစာလုံးပေါင်းရလဲ သူသိသေးရဲ့လား??

နံနက်စောစော တွင် ဖန်ယွမ်သည် ကုချင်း တီးပြဖျော်ဖြေ ပေးရန်အတွက် ဇီးပင်တောအုပ်သို့ အခေါ်လွှတ်ခြင်းခံလိုက်ရသည်။ဖန်ယွမ် ရယ်မောလိုက်သည်။ထိုလူ ဘာသောက်သုံးမကျတဲ့ အကြံဉာဏ်တွေ ကြံစည်ထားလဲဆိုတာ သိချင်မိပါရဲ့!

ထိုလူသည် အနက်ရောင်ခြုံထည်ကို ဝတ်ဆင်ကာ တည်ကြည်လေးနက်သော အမူအရာဖြင့် သူ့ဘေးနား ကြော့ရှင်းစွာ ထိုင်လိုက်သည်။ထိုလူသည် တစ်ဖက်တွင် ဖန်ယွမ်၏ ဖျော်ဖြေမှုများကို ရှုစားရင်း ဝိုင်ကို အပူပေးနေသည်။အခြားတစ်ဖက်တွင်မူ ဖန်ယွမ်အတွက် လက်ဖက်ရည်ပူပူလေး ငှဲ့ပေးနေသည်။ငွေနှင်းမှုန်များအလယ် လေအဝှေ့ သင်ပျံသော မေဟွားပန်းရနံ့ခပ်ဖျော့ဖျော့ နှင့်အတူ လူသားနှစ်ယောက် အတူတကွ ထိုင်နေပုံက အလွန်လိုက်ဖက်ညီကာ မျက်စိပသာဒ ဖြစ်လှသည်။လေထု တစ်ခုလုံး အော်ဂလီဆန်စရာ ချစ်ရနံ့များ ထုံသင်းနေ၏။

ဖန်ယွမ် သည်မျက်နှာသေ ဖြင့် ထိုကဲ့သို့သော မြင်ကွင်းလှလှလေးကို ကြည့်ကာ ရှက်သွေးဖြာနေသည့် အစေခံလေးနှစ်ယောက်ကို ဖျက်ခနဲ ကြည့်လိုက်သည်။သူသည် သွေးတစ်လုပ်ကို တိတ်တိတ်လေး ပြန်မြိုချလိုက်ကာ သူ၏လက်ချောင်းများကို ရပ်တံ့လိုက်သည်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now