ARC 4.2

6.6K 1K 45
                                    

ARC 4.2

ကျောက်စိမ်းရေကန် သည် လော့ရှားတောင်ထွဋ် ၌သာရှိသည့် တစ်ခုထဲသော သဘာဝရေပူစမ်း ဖြစ်၏။မူလတွင် ၎င်းသည်သာမန် ရေပူစမ်းတစ်ခုသာ ဖြစ်၏။နောက်ပိုင်း မူလပိုင်ရှင်သည် ၎င်းအားရှာဖွေတွေ့ရှိခဲ့ပြီးသည့် နောက် သူသည် ရေကန်၏ထောင့်လေးထောင့် တွင် စိတ်ဝိဉာဏ်စုစည်းပေးသည့် ကျောက်တုံးများကို နေရာချထားပေးခဲ့သည်။၎င်းသည်လေထဲမှ စိတ်ဝိဉာဏ်စွမ်းအားများကို စုဆောင်း၍မြေကြီးအတွင်းသို့ပို့လွှတ်ပေး၏။နှစ်ပေါင်းထောင်ချီ စိတ်ဝိဉာဏ်စွမ်းအားများ စုစည်းသိုလောင်ခဲ့ပြီးသည့်နောက် ရေကန်သည်လဲ အံ့ဖွယ်အစွမ်းသတ္တိများရှိလာခဲ့တော့သည်။

ကျောက်စိမ်းရေကန်မှရေသည် သာမန်ပြင်ပဒဏ်ရာများကိုသာ ကုသနိုင်သည်မဟုတ် တစ်စုံတစ်ယောက်၏ ကျင်း စွမ်းအင်များကိုပါ သိပ်သည်းစေသည်။၎င်းသည် တံခါးပိတ် ကျင့်ကြံဖို့အတွက် အလွန်သင့်လျော်၏။

ဖန်ယွမ် သည် လုံလောက်သည့် အချိန်ကိုတွက်ချက်ပြီးနောက် အဝတ်အစားတစ်စုံကိုယူလိုက်ကာ မော့ယန်အားရှာရန် ကျောက်စိမ်းရေကန်သို့ လိုက်သွားလိုက်သည်။သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ သာမန်သေမျိုးကလေးတစ်ယောက်ကိုရှာရန် အလွန်လွယ်ကူလှသည်။ကလေးငယ်၏ သေးငယ်ပိန်ပါးသော ပုံရိပ်လေးအား ခဏချင်းပင်တွေ့လိုက်ရ၏။

ရေကန်၏မျက်နှာပြင်ပေါ်တွင် ရေခိုးရေငွေ့များက အလွှာပါးပါးဖုံးအုပ်ထား၏။သေးငယ်အားနည်းနေသော ကောင်ငယ်လေးသည် ရေကန်၏ကျောက်စိမ်းလှေကားထစ်များ ပေါ်တွင်လဲလှောင်းအိပ်မောကျနေ၏။သူ၏ဖျော့တော့နေသော ပါးမို့မို့လေးများသည် ပန်းရောင်သန်းနေကာ နှုတ်ခမ်းများကလဲ အနည်းငယ်ကွေးတက်နေ၏။အိပ်မက်ထဲ ဘာတွေမက်နေပါလိမ့်??

ထိုကဲ့သော ထိခိုက်လွယ်သည့် သဏ္ဍန်လေးသည် လူများအား သနားကြင်နာယုယလိုစိတ်ပိုစေ၏။

ဖန်ယွမ် သည်မော့ယန် အားမနှိုးတော့ဘဲ အဝတ်အစားများဖြင့် ညင်သာစွာရစ်ပတ်လိုက်သည်။သူ့အား သူ၏လက်မောင်းထဲ ဂရုစိုက်စွာချီလိုက်ရင်း ဆီးနှင်းမဲ့ စံအိမ်ဆီ ညင်သာစွာ ဦးတည်လိုက်သည်။ကောင်လေးအား နှိုးမိသွားမည်စိုး၍ပင်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now