ARC 6.6

3.2K 641 29
                                    

ARC 6.6

ကုစူးမော့လျန်သည် သူအမျိုးသားတစ်ယောက်ကို ကြိုက်သွားလိမ့်မည်ဟု မည်သည့်အခါကမျှထင်မထားခဲ့။သို့သော် စားသောက်ဆိုင်တွင် ပိုင်မုယွင်ကို စတွေ့လိုက်ရချိန်မှစကာ သူ့ရင်ထဲ ထူးဆန်းနေခဲ့သည်။ထိုအမျိုးသား၏ အရည်လဲ့နေသည့် လှပသည့်မျက်ဝန်းတစ်စုံသည် သူ၏ရင်ထဲတံဆိပ်နှက်ထားသလို စွဲနေကာ ဘယ်လိုမှမေ့ဖျောက်၍မရနိုင်ခဲ့။

သူသေချာတွေးကြည့်မိသည့်အခါ သူ၏နှလုံးသားသည် အမျိုးသားတစ်ဦးအပေါ် လှုပ်ရှားသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်သည်။

တကယ်တမ်းတွင် သူသေချာနားလည်ပါ၏။ကုစူးမိသားစု၏ အထူးချွန်ဆုံးသားတစ်တစ်ဦးအနေနှင့် သူ၏တာဝန်သည်မိသားစုတစ်ခုတည်ထောင်ကာ သားသမီးယူရမည်ဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အတူရှိရန်မည်သို့မျှမဖြစ်နိုင်။ သို့သော် သူ၏ခြေထောက်များက ဆွဲငင်အားကို တောင့်မခံနိုင်သည့်နှယ် ပိုင်မုယွင်၏ အခန်းဆီအလိုလို ရောက်ရှိသွားခဲ့၏။

အခန်းထဲမှ လူငယ်လေးကိုနှောက်ယှက်မိမည်စိုးကာ တံခါးကိုခပ်ဖွဖွသာခေါက်လိုက်သည်။ သူ၏ဂရုစိုက်လွန်းသော အပြုအမူများကို သူကိုယ်တိုင်ပင်အံ့အားသင့်မိ၏။

ထိုလူငယ်လေးက သူ၏အသွင်နှင့်ဆန့်ကျင်စွာ အားမနည်းကြောင်း ကောင်းဆွေ့က သူ့ကိုသေချာပြောပြထားသော်ငြား သူသည်မထိန်းနိုင်ဘဲ ထိုလူငယ်လေးကို ညင်ညင်သာသာနူးနူးညံ့ညံ့သာ ဆက်ဆံပေးချင်မိသည်။

အချိန်ကြာသည်အထိ တုံ့ပြန်သံမကြားရ၍ ကုစူးမော့လျန်သည် အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရပြီး တံခါးထပ်ခေါက်လိုက်သည်။

ထိုအခိုက် လူငယ်လေး၏ အိပ်ချင်းမူးတူးဖြစ်နေဟန် အသံကထွက်ပေါ်လာ၏။
''ဘယ်သူလဲ??''

ဆိုတော့ကား သူကအိပ်မောကျနေတာကိုး! ငါသူ့ကိုနှောက်ယှက်မိပြီလား??သူချက်ချင်း တောင်းပန်လိုက်သည်။
''ရောင်းရင်းပိုင် ကျုပ်ပါ ကုစူးမော့လျန် ကျုပ်မင်းကို နှိုးလိုက်မိတာလား??''

လူငယ်လေးက ပြန်ဖြေလာသည်။သူ၏အသံသည် အိပ်ချင်မူးတူးဖြစ်နေသောကြောင့်ထင် နှာသံအနည်းငယ်ပါနေ၏။
''ရပါတယ် ကျုပ်နည်းနည်းနေလို့မကောင်းလို့ ကိစ္စတစ်ခုခုရှိလို့လား ရောင်းရင်းကုစူး? အ.......''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now