ARC 1-1(ကျောင်းတွင်းစင်ဒရဲလားဇာတ်လမ်းလေး)

20.4K 2.1K 140
                                    

Unicode

အပိုင်း၂

ရှောင်ဝူသည် အချိန် အတော်အတန်ကြာမှပင် အဖြေပေးလာ၏။
"ဒင် ကြည့်ရတာ အဲ့ကမ္ဘာက ပြင်းထန်တဲ့ ရိုက်ခတ်မှုကြီးတစ်ခုကြုံရပြီး အချက်အလက်အချို့ ပျောက်သွားပုံရတယ်၊ အဲ့အကြောင်းတွေသိချင်ရင် သခင့်အနေနဲ့ ဒီထက်ပိုပြီး အာဏာရှိဖို့လိုတယ်၊ ရှောင်ဝူရဲ့အဆင့်က မလုံလောက်သေးဘူး......ဒီတော့ သခင်ရေ...သခင် အဆင့်မြင့်လာအောင်သာ အရင်ကြိုးစားလိုက်ပါ...''

".......မင်း ငါ့ကို သတိပေးဖို့ ဒီလိုနည်းလမ်း ပြောင်းသုံးစရာမလိုပါဘူးကွာ၊ ငါသိပါတယ်ကွ ငါလဲ ကြိုးစားနေတာပဲ''

"ထားလိုက်တော့ ထားလိုက်တော့ ၊ ငါတို့ ထွက်လာပြီးမှတော့ ဘာလို့အရင်အကြောင်းတွေမေးပြီး စိတ်ရှုပ်ခံနေရမှာလဲ၊ အနားယူကြရအောင်ကွာ ၊ ငါတို့ ပြောင်းလာပြီးထဲက တာဝန်တွေလုပ်နေရပြီး အလုပ်ရှုပ်နေတာ မဟုတ်လား အခု အားလပ်ရက်ယူရမဲ့အချိန်ပဲ...''

"ဒင်.အတည်ပြုပြီးပါပြီ ''

ဖန်းယွမ် တစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် အနားယူနေချိန် ရင်းမြစ်ကမ္ဘာတွင်တော့ မုန်တိုင်းထန်နေ၏ ။သူ ယခုလေးတင် တာဝန်ပြီးမြောက်၍ ထွက်ခွာလာခဲ့သော ကမ္ဘာသည် လုံးဝကို ဖျက်ဆီးခံလိုက်ရသည်။

အကြောင်းရင်းကိုကား မည်သူမျှ မသိရှိကြချေ။

Arc1-1(ကျောင်းတွင်းစင်ဒရဲလားဇာတ်လမ်းလေး)

"ဒင် မူလပိုင်ရှင်၏ ခန္ဓာကိုယ်ဆီသို့ အောင်မြင်စွာ ဝင်ရောက်ပြီးပါပြီ ၊ အချက်အလက်များ ကူးပြောင်းနေပါသည်။ရေတွက်မှုစတင်ပါပြီ: 5 4 3 2 1,ပြီးဆုံးပါပြီ ''

ရှောင်ဝူ၏ စက်ရုပ်အသံ အေးတိအေးစက်က ခေါင်းအတွင်း ပဲ့တင်ထပ်နေသည်။ဖန်ယွမ် တစ်ယောက် မခံမရပ်နိုင်အောင် ခေါင်းကိုက်လာသည်။ဒီလို အချိန်တွေကို သူအမုန်းဆုံးပင်။မူလ ပိုင်ရှင်၏ မှတ်ဉာဏ်နှင့် အချက်အလက်များ ထည့်သွင်းသည့်အခါတိုင်း ဒီလို အဆင်မပြေမှုများ ခံစားရမြဲ။သို့သော် အခြေအနေပေါ် မူတည်သေးသည်။အရင်တစ်ခေါက် ကလေးတစ်ယောက်၏ခန္ဓာကိုယ်ဆီ ကူးပြောင်းစဥ်က စိတ်ပျက်စရာ ခံစားချက်ကြီးက အားနည်းသည်။သို့ပေမဲ့ ဒီတစ်ကြိမ် ပြင်းပြသော ဆန္ဒတွေ ဆုပ်ကိုင်ထားသည့် လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်သည်ကြောင့် ခံစားရမှုက အလွန်ပင် ဆိုးရွားလှသည်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now