ARC 4.4

6.3K 1K 47
                                    

ARC  4.4

လော့ရှားတောင် သည်စွန့်ပစ်ထားသော တောင်တစ်ခု ဖြစ်ပြီး ရွှမ်တျန်းဂိုဏ်း၏ အနောက်မြောက်အရပ်တွင် တည်ရှိ၏။လွန်ခဲ့သော နှစ်ပေါင်းထောင်ချီ ခန့်က ထာဝရရှင်သန်သူ လင် နေထိုင်ခဲ့သောနေရာဖြစ်၏။

ထိုထာဝရရှင်သန်သူ လင် သည်တစ်ချိန်တစ်ခါ ကရွှမ်တျန်းဂိုဏ်း၏ ကျက်သရေဆောင်ဂုဏ်ဆောင် လူတစ်ဦးဖြစ်သည်။သို့သော် သူသည် ထိုဂုဏ်သိက္ခာများကို အသိအမှတ်မပြုခဲ့ပေ။ထို့အစား သူ၏စွမ်းအားအလုံးစုံအား မိစ္ဆာဂိုဏ်းထံ ပေးအပ်မြှုပ်နှံပစ် လိုက်ပြီး မျိုးဆက်တစ်လျှောက် အကြီးဆုံးသစ္စာဖောက် တစ်ယောက်ဟု သူ့ကိုသူ သက်သေပြခဲ့သည်။ဤအရာသည် ရွှမ်းတျန်းဂိုဏ်း အတွက် တုန်လှုပ်ချောက်ခြားဖွယ် အဖြစ်ဆိုးကြီးပင်။ဂိုဏ်း၏ဂုဏ်သတင်းအပေါ် သက်ရောက်မှုမရှိစေရေးအတွက် ထာဝရရှင်သန်သူ လင် နှင့်ပတ်သတ်သမျှ အကြောင်းအရာအားလုံးကို သမိုင်းမှ ဖယ်ထုတ်ဖြစ်ခဲ့ပြီး လော့ရှားတောင်သည်လဲ တားမြစ်နယ်မြေတစ်ခုဖြစ်လာခဲ့တော့သည်။ရာပေါင်းများစွာသော နှစ်များကုန်သွားခဲ့သည့်တိုင် ထိုနေရာအားခြေဦးလှည့်မည်သူမရှိတော့။

အချိန်သည် တရွေ့ရွေ့စီးဆင်းသွားခဲ့ကာ အတိတ်မှ အဖြစ်အပျက်များကိုလဲ တဖြည်းဖြည်း မေ့လျော့သွားခဲ့ကြတော့သည်။သို့နှင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်ကမှ သူ့ကိုသူ ထာဝရရှင်သန်သူ လော့ရှားဟုခေါ်သော လူတစ်ယောက် ပေါ်လာခဲ့သည်။သူသည် အနောက်မြောက်အရပ်စွန်းစွန်းဆီ လက်ညှိုးညွှန်ရင်း ဂိုဏ်းချုပ်အား ပြောလာ၏။
''အဲ့တာက ကောလဟာလတွေထဲက 'လော့ရှားတောင်'..ကျုပ်ရဲ့ တာအိုနာမည်ကလဲ 'လော့ရှား' ပဲ__ဒီတောင်က ကျုပ်နဲ့ရေစက်ပါတယ်..ဒါကြောင့်မို့လို့ အဲ့နေရာမှာ ကျုပ် ကျင့်ကြံချင်တယ်''

စွန့်ပစ်ထားသော ပျက်စီးနေသည့်တောင်တစ်တောင် __ဂိုဏ်းချုပ် သဘောမတူစရာ ဘာအကြောင်းရှိမည်နည်း။သို့အတွက် သူသည် ချက်ချင်းပင် ထိုတောင်အား ထာဝရရှင်သန်သူ လော့ရှား ဆီ ပေးလိုက်တော့သည်။

မည်သူမျှ မသိကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီ အကြာက ထာဝရရှင်သန်သူ လင် သည် မိစ္ဆာဂိုဏ်းသို့ မဝင်ရောက်မီ ထိုနေရာ၌ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုအား ချိပ်ပိတ်ထားခဲ့သည်။ထိုရတနာသည် ထာဝရရှင်သန်သူ ရွှမ်တျန်း ချန်ထားရစ်ခဲ့သော__ထိပ်တန်းအဆင့် အမတကျောက်စိမ်းပလွေပင် ။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now