ရင်းမြစ်ကမ္ဘာသို့ ခြေရာကောက်ကြောင်း 1

4.2K 427 16
                                    

Chapter 101

အဆင့်မြင့်ကမ္ဘာသုံးထောင်၊အလတ်တန်းစားကမ္ဘာသုံးထောင်၊အဆင့်နိမ့်ကမ္ဘာသုံးထောင်ကို စီမံအုပ်ချုပ်ရသည့် အမြင့်တန်းစား အာကာသဖြစ်သည့်ရင်းမြစ်ကမ္ဘာသည်အချိန်စီးဆင်းပုံက လက်ရှိခေတ်သစ်ကမ္ဘာများနှင့်အတူတူပင်ဖြစ်သော်လည်း ထိုအာကာသတွင်နေထိုင်သူများကတော့ ဆင့်ကဲတိုးတက်ပြောင်းလဲပြီးဖြစ်၏။တစ်နည်းအားဖြင့်ဆိုရသော် ကျင့်ကြံခြင်းလောကရောနှောပါဝင်နေသည့် အနာဂတ် သိပ္ပံနှင့်နည်းပညာလောက ဟုဆိုရမည်။

အကြီးတန်းကြီးကြပ်သူများနှင့် ထိပ်တန်းအဆင့်သရုပ်ဆောင်များသာ ဤလောက၌နေဖို့အခွင့်ရှိကြသည်။အုပ်ချုပ်သူMainGod ဖြစ်သည့်ယန်ကျွေ့၏ဖြစ်တည်မှုကိုတော့ စည်းမျဥ်းပြဋ္ဌာန်းသူဆယ်ယောက်သာ သိခွင့်ရှိပြီး ထိတွေ့ဆက်သွယ်ခွင့်ရှိသည်။

ဤလောကသည် သိပ်ကိုငြိမ်းချမ်းသာယာလွန်းသည့်တိုင် သိပ်ကို ပရမ်းပတာရှုပ်ထွေးလွန်းလှ၏။ဤလောကတွင် တင်းကျပ်စွာပြဋ္ဌာန်းထားသည့် ဥပဒေများရှိသည်။သို့သော်တစ်ချိန်ထဲမှာပင် အရက်စက်အကြမ်းတမ်းဆုံးသော ဥပဒေသက အသက်ဝင်နေပြန်သည်။အသန်မာဆုံးသောသူများသာ ဤလောကတွင် ထာဝရ နေထိုင်နိုင်မည်ဖြစ်ပြီးအကောင်းမွန်ဆုံးသော ရင်းမြစ်များရရှိမည်ဖြစ်သည်။တစ်ချိန်တည်းမှာပင် ထိုလူများသည် အခြားလူများထံမှစိန်ခေါ်မှုများကြောင့် အချိန်မရွေးဆုံးရှုံးသွားနိုင်သည့် နေရာကို ကျီးလန့်စာစား ထိန်းသိမ်းထားရန်လိုအပ်ပေသည်။မည်သူမျှ သာယာအေးချမ်းသည့် ဘဝနေ့ရက်များကို ကြာကြာမပိုင်ဆိုင်နိုင်ကြ။

အကြီးတန်း စည်းမျဥ်းပြဋ္ဌာန်းသူဆယ်ယောက်သည် ကြီးမြတ်လှစွာသောအခွင့်အာဏာကို ပိုင်ဆိုင်သော်ငြား အမှောင်ထဲတွင် သူတို့နေရာကို မျက်စိကျနေသည့် လူများ  မရေမတွက်နိုင်အောင်ရှိသည့်အတွက် ချောက်ကမ်းပါးတွင်လမ်းလျှောက်နေရသလိုပါပေ။

စည်းမျဥ်းပြဋ္ဌာန်းသူများကို စိန်ခေါ်လျှင်ထွက်လာမည့် ရလဒ်နှစ်ခုသာရှိသည်။ အနိုင်(သို့တည်းမဟုတ်) သေခြင်းတရားပင်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now