ARC1-5

14K 2K 73
                                    

ARC 1-5

ကျောင်းယွီဟောင်သည် သူ့ကိုယ်သူ ဂျီးနီးယပ် တစ်ယောက်လို့ အမြဲထင်ထားခဲ့ပေမဲ့...သူ့ဘဝမှာ ယောကျ်ားလေးနဲ့ မိန်းကလေးကို မှားတဲ့ နေ့ရှိလာလိမ့်မယ်လို့ ထင်မထားခဲ့ချေ။

ဒီနေ့ခင်းမှာ သူသည် ခပ်ချောချော မိန်ကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမသည် လေအေးများကြောင့် ခိုက်ခိုက်တုန်နေ၏။လူဆိုးတွေရဲ့ အနိုင်ကျင့်ခံရပြီး ကြောက်နေတာတောင် ပြန်ခံပြောပြီး အရှုံးပေးဖို့ငြင်းဆန်ခဲ့သည်။သူမ၏အပြစ်ကင်းသော မျက်ဝန်းတစ်စုံက နွေဦး၏အလင်ရောင်လေးလို ကြင်လင် ​​​​ေတာက်ပနေသည်။သူမ၏ မျက်တောင်ရှည်ရှည်လေးများက ကြောက်ရွံမှုကြောင့် တုန်ယင်နေ၏။သူမ၏ နှုတ်ခမ်းပါးလေးများကလဲ မတ်လတွင်ပွင့်သော မက်မွန်ပန်းလေးများသကဲ့သို့ပင်.....

ကျောင်းယွီဟောင် သည် ထိုအချိန်တွင် သူ၏နှလုံးခုန်သံမြန်လာသည်ကို ခံစားလိုက်ရကာ.... ကမ္ဘာကြီးတစ်ခုလုံး ပန်းနုရောင် ပြောင်းသွားသလိုပင်......အင်း ဒါက မြင်မြင်ချင်း အချစ်ဆိုတာမျိုးလား.........

သို့ပေမဲ့....သူ့အားဒီလိုခံစားချက်မျိုးကို ပေးစွမ်းခဲ့တဲ့ ဒီမိန်းကလေးက....ကုချီကို အပြုံးချိုချိုလေးနဲ့...''အစ်ကိုကြီး'' လို့ခေါ်လိုက်သည်။

ဤသို့ဖြင့်....သူ၏ ပထမဆုံးသော အချစ်သည် မစတင်ရသေးခင်မှာပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

သူသည် ခေါင်းကိုတောင့်တောင့်ကြီးလှည့်ကာ ကုယွမ်ကိုတစ်လှည့် ကုချီ ကိုတစ်လှည့်ကြည့်လိုက်သည်။သူ၏အသံသည် အလွန်အမင်းတုန်ယင်အက်ကွဲနေကာ.....

"ကုချီ...သူက မင်းရဲ့......ညီငယ်လေးလား?''

ကုချီ၏နှုတ်ခမ်းထောင့်စွန်းများကွေးတက်သွားသော်လဲ လူပါးဝသော အပြုံးတစ်ခုပေါ်ပေါက်လာကာ
"ငါ့ညီငယ်လေးမဟုတ်လို့...ငါ့ညီမလေးဖြစ်ရမလား??''

“…………”

သူသည် ကုချီကို လက်ယပ်ခေါ်လိုက်ကာ မျက်ဝန်းများတွင် အလွန်အမင်း ချစ်ခင်တွယ်တာမှုအပြည့်ဖြင့်
"ရှောင်ယွမ် ဒီကိုလာ''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now