ARC2.6

9.9K 1.7K 170
                                    

ARC2.6

ဖန်ယွမ် တစ်ယောက် ဇာတ်ကောင်ပျက်စီးသွားပြီဖြစ်ကြောင်း....ရှောင်ဝူမှ ''ဒင်''ဟု အသံပေးလာသည့်အခါ....သူလုံးဝ ကြောင်အမှင်သက်သွားသည်။မိနစ်အနည်းငယ် ကြာမှသာ.....သူအခုလေးတင် ဘာလုပ်မိလိုက်လဲဆိုတာ....ရှင်းရှင်းလင်းလင်းသဘောပေါက်သွားတော့၏။သောက်ကျိုးနည်း.!!...ဘယ်လိုတောင်!! ရူးမိုက်တဲ့!! ငါလေးလဲ?!!

သူက မန်ဒရင်းဘဲမောင်နှံ ကိုရိုက်နှက်ပေးရမှာလေ--- ဇာတ်လိုက်မကို စော်ကားပြီးပြီးချင်း..ဘယ့်နှယ်ကြောင့်.....ငြိမ်းချမ်းရေးသံတမန် လုပ်မိတာတုံး??တကယ်ပါ...သူက သူတို့ရဲ့ ကြိုးနီလေးတွေကို ချည်ပေးချင်ယုံပါ!!ဒီနေရာမှာ လမ်းလွဲသွားတဲ့ ဇာတ်ကြောင်းလေးကို ပြန်တည့်ပေးချင်ယုံပါလို့,okay? !သူ့ရဲ့ ဇာတ်ကောင်ပုံရိပ်က ပျက်စီးသွားယုံ မက.......လုံးဝကြီးကို တစ်စစီပြိုကွဲသွားလို့....ပြန်ပြင်လို့တောင် ရနိုင်ပါအုံးမလား?!သူစိတ်ကစဥ့်ကလျားရောဂါတောင် ရလုနီးနီး ဖြစ်နေပြီလို့!!တကယ့်ကို အတွေ့အကြုံရလုနီး ဖြစ်နေပြီလို့!!

ဖန်ယွမ်သည် ပါးစပ်အပြည့်သွေး များကို တိတ်တိတ်လေးပြန်မြိုချလိုက်သည်။သူရူးသွားရင်...အဲဒါ သိုးရေခြုံဝံပုလွေကောင် ဖန်းရွှီ ကြောင့်ပဲမှတ်လိုက်!!သူလုံးဝ မယုံကြည်နိုင်တော့ဘူး!!အရာအားလုံး ရှုပ်ထွေးအောင်လုပ်ထားတဲ့..ဒီကောင်က....သောက်ကျိုးနည်း ပြုံးနေဆဲ!!အမလေး ငါသွေးတက်!!!လောင်ကျီ ရဲ့ လစာဆုကြေးတွေ ထပ်ပြီး အကုန်ပြောင်သွားပြန်ပြီကွ သိရဲ့လား?!အကုန်လုံး မင်းကြောင့်လို့!!ငိုးမ အယုတ်တမာကောင်ရဲ့!!

ခက်ခက်ခဲခဲ ဖြင့်ဖန်ယွမ်သည် ပျက်စီးပြီးသား ဇာတ်ကြောင်ကို ဆက်လက်ထိန်းသိမ်းခြင်းမလုပ်တော့ပါချေ။အလွန်တရာ စိတ်ဓာတ်ကျစွာဖြင့် သူပြောလိုက်သည်။
"ရှောင်ဝူရေ...ငါ ဇာတ်ကောင်ပျက်စီးတာ နှစ်ကမ္ဘာဆက်တိုက် ရှိနေပြီ။ငါ့ရဲ့ ချောက်ပစ်ကင်းသဲလဲစင်တဲ့ မှတ်တမ်းလေးက ထပ်ပြီးမရှိနိုင်တော့ဘူးကွာ.....ငါတော့ ဒီအက်ရာပါနေတဲ့အိုးကို တစ်စစီဖြစ်အောင် ရိုက်ခွဲချင်နေပြီ.....ဘယ်လိုလုပ်ရပါ့မလဲQAQ''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now