ARC 2.9

10.2K 1.6K 96
                                    

ARC  2.9

ဖန်ယွမ်တွေးလိုက်မိသည်။သူအိပ်မက်မက်နေတာဖြစ်ရမယ်...မဟုတ်ရင် ဇာတ်လိုက်က  ''ဒီလိုဆိုမှတော့ ငါတို့တွဲကြတာပေါ့'' လို့ ပြောလိုက်တယ်လို့ သူသောက်ကျိုးနည်း  ကြားလိုက်ရတယ် လို့ထင်နေတာလဲ??

သူ ဇာတ်လိုက်ကို အတင်းအကျပ် နမ်းပြီးသွားပြီလေ....အခုချိန်လောက်ဆို...မြေပေါ်လဲကျနေလောက်တဲ့အထိ..... အရိုက်ခံရသင့်တာ မဟုတ်လား??ဟုတ်ပါပြီ...သူအခု မြေပေါ်လဲနေပြီ ပဲထားလိုက်ပါတော့....ဒါပေမဲ့....သောက်ကျိုးနည်း ကို ဇာတ်လိုက်ရဲ့ စာသားတွေက မှားနေတယ်လို့!!ဘယ်မှာလဲ ဒေါသပုန်ထတာ??ဘယ်မှာလဲ သောက်ကျိုးနည်း ဇာတ်လိုက်က နှလုံးသားမဲ့မဲ့နဲ့ ဆက်ဆံရေးကို ဖြတ်ပစ်တာ?!ချီးလိုပဲ.....ဘယ်မှာလဲ.....သောက်ကျိုးနည်း ဖန်းရွှီက မင်းကို ဘယ်တော့မှ ထပ်မတွေ့ချင်ဘူးလို့ ပြောတာ?!

သူ နောက်ထပ် ဇာတ်လိုက်တစ်ယောက်ကို ကွေးအောင်လုပ်မိပြီလို့တော့....မပြောနဲ့နော်....သောက်ကျိုးနည်း အဲ့အသံ လုံးဝမကြားချင်ဘူးလို့!!

သူသည် ဇာတ်လိုက်အား ရူးကြောင်ကြောင်မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေမိရင်း ခေါင်းထဲတွင် အော်ဟစ်လိုက်သည်။
"ရှောင်ဝူ! !ငါမူးနေပြီထင်တယ်!!အမူးပြေ ဆေးနည်းနည်းလောက် လဲပေး.....!!''

ရှောင်ဝူသည် အတန်ကြာတိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာပြောလာသည်။
"ဒင်.....ရှောင်ဝူတော့....သခင် ဒီအချိန် အမူးမပြေတာ ပိုကောင်းမယ်လို့ ထင်ပါတယ်''

ဘာလို့လဲလို့ သူမေးလိုက်ချင်ပေမဲ့....နောက်တစ်က္ကန့်မှာတင်....သူ့သည် ဇာတ်လိုက်မှ.....ဂန္ထဝင်....မင်းသမီးလေးစတိုင်..ဖြင့် ကောက်ပွေ့ခြင်း ခံလိုက်ရသည်။

#အရှင် ဇာတ်လိုက် သူ့လက်ထဲ ငါ့ကိုပွေ့လိုက်တဲ့အချိန်....ငါ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားပါလေရော#

#မြင်ကွင်းလေးက အရမ်းကိုလှပလွန်းလို့...ငါကြည့်တောင်မကြည့်ဝံ့ တော့ဘူး#

#ဒီအိပ်မက်ကြီးက အရမ်းကို လက်တွေ့ဆန်လွန်းလို့...ငါနည်းနည်းတောင် လန့်လာပြီ#

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now