ARC1-3

15K 2.1K 163
                                    

Unicode

ARC1-3

အားလပ်ရက် အနည်းငယ် ကျန်ရှိသေး၏။ရာသီဥတုသည် အလွန်အမင်း အေးမနေသော်လည်း ရံဖန်ရံခါ ဆိုသလို နှင်းများ အလွှားလိုက်ကျကာ မြေပြင်တစ်လျှောက် အရည်ပျော် တင်ကျန်ခဲ့၏။လေအေးများသည်တော့ တသုန်သုန် တိုက်ခတ်လျက်ရှိသည် ။နှစ်ကူးအချိန်ကာလ ကုန်ဆုံးသည်က မကြာသေးသည်မို့ ပွဲတော်အငွေ့အသက်က စွဲထင်ကျန်ရစ်နေဆဲပင်။ သို့အတွက် ဟိုဟိုဒီဒီ သွားလာနေ​ကြသော လူအများအပြားကို တွေ့မြင်နိုင်လေ၏။

ဖန်ယွမ်သည် သိုးမွှေးဆွယ်တာနှစ်ထည်အပြင် လေးလံသော အပေါ်အင်္ကျီပါဝတ်ဖို့ တွန်းအားပေးခံရပြီး.... မျက်လုံးနှစ်လုံးသာ ကျန်သည်အထိ ဆန်မုန့်လုံးလေးသဖွယ် ထုတ်ပိုးခံလိုက်ရသည်။ ထို့နောက်မှသာ ကုမောင်နှံက တံခါးအပြင်သို့ ထွက်ခွင့်ပေး၏။

ကုချီသည်တော့ အနက်ရောင် ဂျင်း​ဘောင်းဘီ နှင့် အနက်ရောင်ကုတ် အရှည်တစ်ထည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။

ကုချီသည် ကုယွမ်၏ သားမွေးလက်အိတ်စွပ်ထားသော လက်သေးသေးလေးမှ ဆွဲကာ ကားထဲထည့်လိုက်သည်။ထို့နောက် အရေးထားလွန်းစွာပင် ကုယွမ်၏ ထိုင်ခုံ ခါးပါတ်ကို ကိုယ်တိုင်ကိုယ်ကျ ပတ်ပေးလိုက်၏။

ကုယွမ်သည် ဇာတ်လိုက်၏ခံ့ညားမှုကြီးကို အနီးကပ်တွေ့လိုက်ရ၍ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။နောက်ဆုံးမှာတော့ ဇာတ်လိုက်က  ဇာတ်လိုက်ပင်။ ရာသီဥတုတောင် ပဓာနမထားဘဲ ချောမောခံ့ညားမှုကို ထိန်းသိမ်းနေပုံကြီးက စံထားလောက်သည်။ ။ ခြေချောင်းတွေ တုန်ယင်မနေအောင် သူတို့လို သေမျိုးတွေက သားမွေးအင်္ကျီတွေ နှစ်ထပ်သုံးထပ် ဝတ်နေချိန် သူကတော့..........

ထိုသို့ အလွန်အမင်း ချောမောခံ့ညားသောဇာတ်လိုက်က မိမိုက်သော အသွင်အပြင်ဖြင့် မြန်နှုန်း မြှင့်လိုက်သည့်အချိန်တွင် ဖန်ယွမ်စိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာသည်။

"ရှောင်ဝူရေ ၊ ဒီ ဇာတ်လိုက်ကောင်ဆီမှာလေ ယာဥ်မောင်းလိုင်စင်ရော ရှိရဲ့လား??''

"ဒင်...ဇာတ်လိုက်က 18နှစ်ပြည့်ဖို့ နှစ်လ လိုသေးတဲ့အတွက် သူ့မှာ လိုင်စင်မရှိသေးပါဘူး...''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now