ARC 5.3

5.5K 875 17
                                    

ARC 5.3

ဖန်ယွမ် သည်ယန်ကျွေ့၏ အရှက်တရားကင်းမဲ့မှုကြီးကြောင့် ကြောင်အသွားသည်။တကယ့်တကယ့်ကို ရှက်ကြောပြတ်နေတဲ့စကားတွေ လုံးဝကိုလိုက်မမီနိုင်တော့ဘူး။
ဘာကို မြင်မြင်ချင်းချစ်မိသွားတာလဲ?....တကယ့် တကယ့်ကို မရှက်မရှိချက်!!

သူသည် တစ်ဖက်လူနှင့် အကြည့်ချင်းစုံနေရာမှ အကြည့်လွှဲလိုက်ရင်း အလေးအနက်ငြင်းဆိုလိုက်သည်။
''Sorryပါဗျာ ကျွန်တော်က Gayမဟုတ်ဘူး။ ကျွန်တော်တို့ မဖြစ်နိုင်ပါဘူး''

ယန်ကျွေ့ သည် ဖန်ယွမ်၏ ရဲတွတ်လာသော နားရွက်ဖျားလေးများကို မသိချင်ယောင်ဆောင်လိုက်ရင်း သူ၏အကြည့်များသည် ဖန်ယွမ်၏ လှပလွန်းသောညှပ်ရိုးလေးများအပေါ်၌သာ ဝေ့ဝဲနေ၏။အလင်းတန်းတစ်ချက် သူ၏မျက်ဝန်းတို့ထဲ တဖျပ်ဖျပ်လက်သွားပြီးနောက် ရယ်မောလာသည်။
''ဒေါက်တာရှီက ကိုယ့်အကြောင်းသေချာမသိသေးဘူးကိုး !ကိုယ့်လို လူတစ်ယောက်က ''လက်လျှော့ အရှုံးပေးရတယ်'' ဆိုတဲ့စကားကို အမုန်းဆုံးဘဲ!!ထားပါလေ အနာဂတ်မှာ ဒေါက်တာရှီ နားလည်လာမှာပါ။ အချိန်တွေအများကြီးရှိပါသေးတယ်!''

သူ၏စကားများ ကြားလိုက်ရသည့်အခါ ဖန်ယွမ် စိုးရိမ်တကြီးဖြစ်မိသွားသည်။အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ် သူ၏ဇာတ်ကောင်သည် အလွန်အရေးပါလှသည်။အထူးသဖြင့် ဇာတ်အိမ်၏ အစောပိုင်းနှင့် နောက်ဆုံးအပိုင်းတွင် လုံးဝတိမ်းစောင်းသွား၍မဖြစ်။ယန်ကျွေ့၏ ကမူးရှူးထိုးအပြုအမူများသည် ဇာတ်ကြောင်းအားသက်ရောက်လိမ့်မည်။

ဤကမ္ဘာ၏ ဇာတ်ကြောင်းအားပြောရမည်ဆိုလျှင် ၎င်းသည် လတ်ဆတ်သောလေပြည်လေညှင်းလေးလို ဖန်ယွမ်ကို အတော်ပင်ကျေနပ်နှစ်ခြိုက်စေ၏။မူလပိုင်ရှင် ၏ရှုထောင့်မှပင်လျှင် မည်သည့်တရားမှု ၊ မမျှမတမှုကိုမှမတွေ့ရ။ကံကြမ္မာ ခွင့်မပြုထားသည့်ပုံပေါ်သည်။

ဆေးရုံမှ အမျိုးသမီးတိုင်း၏ မျက်လုံးထဲမှ ပြီးပြည့်စုံသောယောကျာ်းတစ်ဦးအနေနှင့် ရှီယွမ် တွင်အရည်အချင်းကောင်းများစွာရှိသည်။တာဝန်ယူတတ်သော လူကြီးလူကောင်းတစ်ယောက်ဖြစ်ကာ အလုပ်ကိုလွန်စွာချစ်မြတ်နိုးသူဖြစ်သည်။ဒါပေါ့ သူခွဲစိတ်ကုသပြီးသော လူနာများ အား အထူးဂရုစိုက်ပေးလေ့ရှိသည်။အထူးသဖြင့် ဇာတ်လိုက်ကဲ့သို့သော နေရောင်သဖွယ် ရွှင်ပြဖော်ရွေလွန်းသည့် ကောင်ချောလေးများပင် ။အဲ့လိုစရိုက်နဲ့ ကောင်လေးတွေကို သဘောမကျတဲ့လူ ဘယ်သူရှိလို့လဲ?? သို့သော် နေ့ပေါင်းများစွာ အနီးကပ်ရှိခဲ့ကြပြီးသည့်နောက် ဇာတ်လိုက်အပေါ် သူ၏နှလုံးသား ယိမ်းယိုင်သွားခဲ့လိမ့်မည်ဟု သူမထင်ထားမိခဲ့။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now