ARC 6.4

3.6K 657 26
                                    

ARC 6.4

ဖန်ယွမ်သည် အပျော်စီးလှေ တစ်စင်းပေါ်သို့ ယန်ကျွေ့၏ 'အတင်းဆွဲခေါ်သွားခြင်း'ကို ခံခဲ့ရသည်။ လှေဦး၌ မတ်တပ်ရပ်လျက်သားဖြင့် ပတ်ဝန်းကျင်မှ ခပ်ဖျော့ဖျော့လင်းလက်နေသော အလင်းရောင်တို့အလယ် ငြိမ်သက်သော ကန်ရေပြင်ကျယ်ထက် နှစ်လိုဖွယ် ငွေသော်တာ ရောင်ခြည်က အထင်သား။မီးပုံးပွဲတော်ကား စချေပြီ။

ဇာတ်ညွှန်းတစ်ခုလုံးကို ဖတ်ရှုပြီးနောက် ဖန်ယွမ် ၏ခြေထောက်တို့ ခွေယိုင်သွားပြီး ရေထဲသို့ပြုတ်ကျလုနီးဖြစ်သွားသည်။ ယန်ကျွေ့သည် အနောက်မှနေ၍ ဖန်ယွမ်၏ခါးကိုလှမ်းဖက်လိုက်ကာ ရေထဲသို့ကျမည့်အရေးမှ ကယ်ပေးလိုက်သည်။

စိတ်နှင့်ကိုယ်နှင့် ပြန်မကပ်မီ ဖန်ယွမ်မရည်ရွယ်ဘဲ ရင်ခွင်ကျယ်ကို စိတ်အေးလက်အေး မှီချလိုက်သည်။ ခေါင်းကိုငဲ့ကာ ယန်ကျွေ့၏ဘေးတိုက် မျက်နှာကိုကြည့်လိုက်ပြီးနောက် စကားလုံးတစ်လုံးချင်းဆီကို ခက်ခက်ခဲခဲထုတ်ပြောလိုက်သည်။
''ကျေး ဇူး တင် ပါ တယ် တျဲတျဲ''

ယန်ကျွေ့သည် ပွေ့ဖက်မှုကို တင်းကြပ်လိုက်ပြီးနောက် ယုတ်မာစွာ မေးလာ၏။
''ယွမ်အာ....ဒါ...ကလေး မြစ်ကို ရေကူးပြီး ထွက်ပြေးမလို့လား?? တျဲတျဲနဲ့ အတူမရှိချင်လို့လားဟင်??''

သောက်ကျိုးနည်း ဒီသောက်ကောင်စုတ် ဇာတ်ညွှန်းကို ဒီလိုမျိုး တစ်ခါမှ အလေးအနက် မလိုက်နာဘူးပါဘူးလို့! အခုတော့ ကြည့်ပါအုံး ဇာတ်ကောင်ထဲ အရမ်းစိတ်နှစ်ထားလိုက်ပုံများ!!

ဖန်ယွမ်ငိုချင်သော်လည်း မျက်ရည်ကျမလာခဲ့။ System မှတစ်ဆင့်မေးလိုက်သည်။
''မင်း ဒီသောက်ကျိုးနည်း ဇာတ်ညွှန်းကြီးကို ကိုယ့်ဘာသာထည့်လိုက်တာတော့ မဟုတ်ပါဘူးနော်??''

ယန်ကျွေ့သည် မျက်မှောင်ကုတ်၍အလေးအနက်ပြန်ဖြေလာ၏။
''ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ??ကိုယ်လည်း မင်းမသိခင် အချိန်လေးကမှ သိလိုက်ရတာ! မင်းလေး ဒီလိုပုံစံတွေကို အခြားသူနဲ့လုပ်မှာစိုးလို့ ကိုယ့်မယ် ဒီခန္ဓာကိုယ်ကို မတတ်သာဘဲယူလိုက်ရတာ!''

မတတ်သာဘဲ ယူလိုက်ရတာ?? ငါ့ဖင်ကြီးကို မတတ်သာနေလိုက်!! ဘယ်သူကယုံမလဲ!!မင်းပုံစံက တော်တော့်ကို သဘောကျနေတဲ့ပုံကြီး သောက်ကောင်စုတ်ရဲ့!!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now