Arc3 Extra: ချွေ့ဟုန်

8.1K 1.2K 42
                                    

Arc 3 Extra: ချွေ့ဟုန်

ချွေ့ မိသားစုသည် မျိုးရိုးစဥ်ဆက် သစ္စာရှိဖြောင့်မတ်သော မိသားစုဟု ယူဆနိုင်သည်။''ထီးနန်းအားသစ္စာရှိချစ်မြတ်နိုးရန်''ဟူသော စိတ်ဓာတ်သဘောတရားအား ချွေ့ဟုန်၏စိတ်ထဲ လူမှန်းသိတတ်စအရွယ်ထဲမှပင် ရိုက်သွင်းခြင်းခံခဲ့ရသည်။တိုင်းပြည်အတွက် တရားမျှသောနည်းဖြင့် ကာကွယ်စောင့်ရောက်ရန် မှာ သူ၏ရည်မှန်းချက်ဖြစ်ပြီး ထိုရည်မှန်းချက်အတိုင်းလဲ ဘဝတွင်ကြိုးစားခဲ့သည်။

သို့သော် သူ၏အသက် 17 တင်းတင်းပြည့်သည့်နှစ်တွင် သူ၏ဖခင်က သူ့အား တတိယမင်းသား ဖိန်ချီ ကိုခစားရန် ပြောလာခဲ့သည်။

၎င်းသည် သူ၏တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန် ဟူသော ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။သို့ကြောင့် ချွေ့ဟုန်လဲ စဥ်းစားခြင်းမရှိ ငြင်းဆန်ခဲ့သည်။သူသည် ခိုင်ခိုင်မာမာ ပြောလိုက်၏။
''ဖခင်က ဒီသားကို ငယ်ငယ်လေးထဲက ဆုံးမသင်ပြခဲ့တယ်လေ____အရှင်မင်းကြီး ဆီက ကျုပ်တို့က လခရိက္ခာယူထားတာမို့လို့ အရှင့်ကို အကြွင်းမဲ့ သစ္စာစောင့်သိရမယ် လို့လေ။လောလောဆယ်မှာ အရှင်မင်းကြီးက အရှင်အိမ်ရှေ့စံတစ်ယောက်ထဲကို စိတ်ထဲရှိပြီး ထီးနန်းလွှဲအပ်ချင်နေတာ... အရှင်တတိယမင်းသားကို ကူညီလိုက်ရင် အရှင်မင်းကြီးရဲ့ ဆန္ဒတွေကို ဆန့်ကျင်သလို ဖြစ်မသွားဘူးလား??ဒီသား ဖခင်ရဲ့ဆန္ဒအတိုင်း မလိုက်လျောပေးနိုင်ပါဘူး!!''

သူ၏ဖခင် ချွေ့မင် သည် လက်ထောက်စစ်သူကြီး တစ်ယောက်ဖြစ်သည်။သူ၏စကားတစ်ခွန်းမှ မဆိုဘဲ ချွေ့ဟုန်အား ခြံဝန်းထဲသို့ခေါ်သွားပြီး စိမ်းလန်းနေဆဲ ထင်ရှူးပင်အိုကြီးအား ညွှန်ပြလိုက်သည်။

''ဒီသစ်ပင်က ငါတို့အရှင်ဧကရာဇ် နဲ့တူတယ်''

ပြောပြီးနောက် သူသည် သစ်ကိုင်းများကြား ရွှင်ရွှင်မြူးမြူးကူးလူးနေသော လှပသည့်အရောင်အသွေးစုံ ငှက်လေးအား လက်ညှိုးထိုးပြလိုက်သည်။

''ငှက်ကလေးကတော့ အရှင်အိမ်ရှေ့စံနဲ့တူတယ်''

သူဆိုသည့်အဓိပ္ပါယ်မှာလုံးဝရှင်းသည်___အရှင်မင်းကြီး သည်အလွန်ကျန်းမာနေသေးသည့်ပုံပေါ်နေသာ်လဲ တကယ်တမ်းတွင် ဇရာထောင်းနေပြီဖြစ်သည်။အိမ်ရှေ့စံသည် အရှင်မင်းကြီး၏အာဏာ သြဇာကိုသာ ငှားယူဝံ့ကြွားနေခြင်းသာဖြစ်သည်။အပြင်ပန်းတွင် တောက်ပလှပနေသည့်ပုံပေါ်နေသာ်လဲ ၎င်းသည် လက်ရှိ ပစ္စုပ္ပန်ကာလတွင်သာ ဖြစ်သည်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now