ARC 5.4

4.8K 829 50
                                    

ARC  5.4

သူဆေးရုံသို့ ရောက်သည့်အခါ အေးမြသည့်ပိုးသတ်ဆေးနံ့က ဖန်ယွမ်၏စိတ်အားအနည်းငယ် တည်ငြိမ်သွားစေသည်။သူ၏ယူနီဖောင်း အားလဲလိုက်ပြီးသည့်နောက် သူ၏ အာရုံကို ပရမ်းပတာအတွေးများမှသည် အလုပ်ဆီမြှုပ်နှံပစ်လိုက်သည်။

မနက်ပိုင်းက စုံတွဲညအိပ်ဝတ်စုံလေးတွေကြောင့် ပျော်သွားတဲ့သူက သေချာပေါက် သူမဟုတ်ဘူး!!!သူက ဒီအတိုင်း နည်းနည်းလေး လန့်သွားယုံ။

စင်္ကြံလမ်း တွင်သူသည် roundလှည့်နေသော သူနာပြု စု နှင့်တည့်တည့်တိုးသည်။သူမသည် သူ့အားတွေ့လိုက်ရသည့်အခါ အနည်းငယ်အံ့အားသင့်သွားသည့်ပုံနှင့် ဝေခွဲမရစွာမေးလာ၏။
''ဒေါက်တာ ရှီ ခွင့်တစ်ရက်ယူသွားတာမလား?? ဘယ်လိုလုပ် ပြန်ရောက်နေတာလဲ??''

ဖန်ယွမ် သည်ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
''လက်တလော ဆေးရုံမှာအလုပ်တွေပုံနေတဲ့ဟာ ။ကိုယ် နိုးလာတော့ တော်တော်သက်သာနေပြီလို့ ခံစားရတာနဲ့ ထွက်လာလိုက်တာ!!''

သူနာပြု စုသည် စိုးရိမ်နေဆဲဖြစ်ကာ
''ဆရာ ကိုယ့်ကိုကိုယ် အရမ်းကြီးတွန်းအားမပေးပါနဲ့! ခန္ဓာကိုယ်က အရေးကြီးဆုံးလေ!! မနေ့က ရှင်သတိလစ်သွားတော့....ကျွန်မ...ကျွန်မတို့ တကယ်လန့်သွားတာ''

ဖန်ယွမ် သည်သူမအား ကျေးဇူးတင်စွာပြုံးပြလိုက်ပြီး သူမ၏ပခုံးကိုပုတ်ပေးလိုက်ရင်း ပြောလိုက်သည်။
''စိတ်ပူပေးလို့ ကျေးဇူးကွာ ဒါပေမဲ့ ကိုယ်တကယ်အဆင်ပြေနေပါပြီ!!''

သူနာပြု စုသည် ခေါင်းညိတ်ပြလိုက်ရင်း ရှက်သွေးဖြာစွာနှင့် သူမ၏အလုပ်ကိုဆက်လုပ်ရန် ထွက်သွားတော့သည်။

သူ့ထံမှ စကားလေးနှစ်ခွန်း သုံးခွန်းနဲ့တင် သူနာပြုဆရာမလေးတစ်ယောက် နားရွက်တစ်ခုလုံး နီရဲသည်အထိ ရှက်သွေးဖြာသွားကြောင်း တွေးလိုက်ရသည့်အခါ ဖန်ယွမ်သည် သိချင်စိတ်ပြင်းပြစွာဖြင့် ဖုန်းကိုထုတ်လိုက်ပြီး သူ၏မျက်နှာအား စူးစမ်းလိုက်သည်။စိတ်ထဲ တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်__သူမြင်ဖူးသမျှထဲက တကယ့်ကို ရသမြောက်အောင် လှလွန်းတဲ့ ခန္ဓာကိုယ်ပဲ__

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now