ARC 5.10 (Final)

4.8K 717 40
                                    

ARC 5.10 (Final)

ရုတ်တရက် သူ့မျက်စိရှေ့ ဘွားခနဲပေါ်လာသောလူကိုကြည့်ရင်း ဖန်ယွမ် အလွန်မိန်းမောသွားသလို အလွန်လဲရှက်ရွံ့သွားမိသည်။

မင်း တိတ်တခိုးချစ်ရသူရဲ့ ဓာတ်ပုံလေးကို တိတ်တိတ်လေးကြည့်နေတုံး ဓာတ်ပုံထဲကလူက 'ငါသိပါတယ်' ဟူသောအကြည့်ကြီးနှင့် ရုတ်တရက်ပေါ်လာသည်ကို တွေ့လိုက်ရသည်နှင့် တူပေသည်။မင်းသာလူသားတစ်ယောက်ဖြစ်နေသ၍ မင်းအခြားလူကိုမျက်နှာချင်းမဆိုင်နိုင်လောက်တဲ့အထိ ရှက်သွားမိမှာက အမှန်လေ ဟုတ်တယ်မဟုတ်လား?

ဖန်ယွမ် မလွယ်ကူသလိုခံစားလိုက်ရကာ တွင်းတူ၍ပင် ပုန်းလိုက်ချင်မိသည်။သူ့ကိုသာ ဂေါ်ပြားတစ်လက်လောက်လာပေးရင်လေ ကမ္ဘာကြီးရဲ့အခြားတစ်ဖက်ဆီအထိတွင်းထူးသွားမိတော့မှာ! သူ ယန်ကျွေ့ရှေ့ နောက်ထပ် ဘယ်တော့မှ မပေါ်လာနိုင်တော့ရင် အကောင်းဆုံးပေါ့!

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ စကားများက နေ့အလင်းရောင်လို ထင်ရှားပီသစွာ ကြားနေရဆဲဖြစ်ကာ ယန်ကျွေ့၏သံလိုက်ဓာတ်သဖွယ်အသံနိမ့်နိမ့်က အလွန်ညှို့အားပြင်းလှသည်။ အစီအစဥ်တင်ဆက်သူ အမျိုးသမီး၏အမေးစကားကိုကြားလိုက်ရသည့်အခါ သူသည်တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြုံးလိုက်ပြီးပြန်ဖြေလာသည်။
''ကိုယ့်မှာ ဘယ်လို Ideal Typeမျိုးမှ မရှိပါဘူး! ဘာလို့လဲဆိုတော့ ကိုယ့်မျက်လုံးထဲ သူကအကောင်းဆုံးလူသားမို့လို့လေ!''

ဖန်ယွမ်သည် ကနဦးကထဲက အလွန်ရှက်ရွံ့နေပြီးဖြစ်သည်။ယန်ကျွေ့၏စကားများပါ ထပ်ပေါင်းလာသောအခါ ခေါင်းကိုပင်မမော့ရဲတော့သည်အထိ ရှက်ရွံ့လာတော့သည်။အခြားတစ်ဖက်တွင်တော့ ယန်ကျွေ့အပေါ် သက်ရောက်သည့်ပုံမပေါ်။သူသည် ကွန်ပျူတာအနားတိုးကပ်သွားပြီး screenshortရိုက်ယူထားသော folderကိုဖွင့်လိုက်သည်။clickတစ်ချက်နှိပ်ပြီး အပေါ်အောက်ဆွဲကာ ခပ်သော့သော့ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာ 'အိုးးးးး'ဟုသံရှည်မြည်သံတစ်ချက် ပြုလိုက်မိသည်။

ဖန်ယွမ် သည်အသဲအသန် mouseကိုဆွဲလုလိုက်ပြီး ကမန်းကတန်းfolderနှင့် videoကို ပိတ်ပစ်လိုက်သည်။သူသည် ယန်ကျွေ့နှင့် အကြည့်ချင်းမဆုံရဲတော့ဘဲ မျက်လွှာချ၍ ဗလုံးဗထွေးပြောလိုက်သည်။
''မင်းကို ကြည့်ခွင့်မပြုဘူး!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now