ARC 6.2

3.9K 655 19
                                    

ARC 6.2

ဖန်ယွမ်သည် နောက်ခံတောင့်တင်းသည့် အကောင်ကြီးကြီးတစ်ယောက်ဖြစ်ရန် လှိုက်လှဲစွာဆုတောင်းနေမိပါသော်ငြား လက်တွေ့ကမူ ခွင့်မပြုဘဲ သူသည် ကိုယ်ပျောက်လူသား ဇာတ်ရုပ်ကိုသာ လက်ကိုင်ပြုထားရပေသည်။

'ကိုယ်ပျောက်လူသား ' ဟူ၍သူပြောရခြင်းသည်က ထိုအရာသည် ရိုးရှင်းသည့်ပုံပေါ်သော်လည်း လက်တွေ့တွင်မူ တကယ့်ကို သူ့ကိုသတိပြုမိကြဖို့ ခဲယဥ်းလှပေသည်။အထူးသဖြင့် ဤဇာတ်ကွက်ကဲ့သို့သောနေရာတွင် သူ၏သရုပ် သည် အတော်ပါသည်ဟုဆိုသည်ငြား ဇာတ်ကွက်အစမှအဆုံးတိုင်အောင် သူသည်တစ်ကိုယ်တော်ပြကွက်သရုပ်ဆောင်ရန်သာလိုပေသည်။(T/Nဘေးတွင်ရပ်နေရန်သာလိုသည်)သူ၏ ကာရိုက်တာကိုသတိပြုမိဖို့က တကယ့်ကိုခဲယဥ်းလွန်းလှသည်။ကောင်းကင်ဘုံကို ကြွမြန်းဖို့ထက်တောင် ခက်တယ်လို့!!!

ဤဝတ္ထုမှ အရံဂေးဇာတ်ကောင် တစ်ယောက်အနေနှင့် မူလပိုင်ရှင် ပိုင်ယွမ် သည်ထူးဆန်းထွေလာဘဝတစ်ခုကို ပိုင်ဆိုင်ပေ၏။ သူ့တွင် အလွန့်အလွန် စွမ်းအားကြီးလှပါသော ဆရာတစ်ဆူရှိသည်။သူကိုယ်တိုင်သည်လဲ သိုင်းပညာအရာတွင် တစ်ဖက်ကမ်းခတ် ထူးချွန်သည်။ထို့မှတစ်ပါး ဤဝတ္ထု၏ အစောပိုင်းဇာတ်ကွက်များသည်လည်း ဇာတ်လိုက်နှင့်ဇာတ်လိုက်မအပြင် ဤဂေးဇာတ်ကောင်လေးပါ အတူတကွခရီးသွားကြသည့် ဇာတ်ကွက်များဖြစ်သည်။ မည်သည့်ရှု့ထောင့်ကပင် ကြည့်ပါစေ ဤလူသည် တကယ့်တကယ့်ကို အရည်အချင်းပြည့်မီ ထူးချွန်ပြောင်မြောက်လှပါသော အဓိကဇာတ်ပို့မင်းသား ဒုတိယဇာတ်လိုက် ဖြစ်မည်။

သို့သော် စာရေးသူ၏ ဘုန်းတော်ဘွဲ့ဖွင့်ခန်းသည် ဇာတ်လိုက်မတစ်ယောက် သူမ၏အံ့မခန်းဆေးပညာနှင့် လူ့အသက်တွေကို ဘယ်လိုကယ်ကြောင်း၊ မတရားမှုတွေ့ရင် ဘယ်လိုရင်ဆိုင်ကြောင်းချည်းသာ။ ထပ်လောင်း၍ စာရေးသူသည် ဇာတ်လိုက်တစ်ယောက် မိစ္ဆာတွေကို ဘယ်လိုနှိမ်နှင်းကြောင်း ၊ အနာဂတ်ဇနီးသည်လေးကို ဘယ်လိုဖူးဖူးမှုတ် အလိုလိုက်ချည်းသာ ကလောက်ကိုဝင့်၍ လက်စွမ်းပြသည်။ သူတို့၏ညီနောင် ဒီဒုတိယဇာတ်လိုက်အတွက်ကတော့?? ဘယ်သူဂရုစိုက်မလဲ??

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now