ARC 4.8

5.1K 898 13
                                    

ARC 4.8

ဖန်ယွမ် သည်အမြင့်တစ်နေရာတွင် နေရာယူလိုက်ပြီး သူ့မျက်စိရှေ့မှ ပုံရိပ်နှစ်ခုအား တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။အဖြူရောင် ပုံရိပ်တစ်ခု နှင့် အနီနှင့်အနက် ရောယှက်နေသော ပုံရိပ်တစ်ခုက သဲကြီးမဲကြီး တိုက်ခိုက်နေကြသည့်အတွက် ဖန်ယွမ် အနည်းငယ်ပင် ကြောင့်ကြစိတ်များဝင်လာတော့သည်။

မြင်ရသလောက်ဆိုလျှင် ယန်ကျွေ့က သူ၏စကားများအား အလေးအနက်ထားပုံရသည်။သူ၏တိုက်ကွက်များက ပြင်းထန်ရက်စက်သော်ငြား ဟုန်ဝူ ၏သေကွင်းသေကွက်နေရာများကိုမူ လွတ်အောင်ရှောင်ရှား တိုက်ခိုက်သည်။တစ်ဖက်က ငနာကောင်ကမူ သူ့အတွက် ဘာလုပ်လျှင်ကောင်းမှန်း မသိဘဲ ယန်ကျွေ့သေမှ အေးမည်ဟု သဘောထားကာ သဲသဲမဲမဲ တိုက်ခိုက်နေ၏။

ဖန်ယွမ် စိတ်ထဲ ချွေး​စေး များ ထွက်လာတော့သည်။ဒီအတိုင်းဆက်သွားနေလျှင် ယန်ကျွေ့ ဆက်ထိန်းချုပ်နိုင်မည်လား မထိန်းချုပ်နိုင်မည်လား ပြောရန်ခက်သွားသည်။

ထာဝရရှင်သန်သူ ရှောင်ရှန် ဘယ်အချိန်က သူ့အနားရောက်လာခဲ့မှန်းမသိ။ ဖန်ယွမ်သတိထားမိချိန်တွင် သောက်အဖိုးကြီးသည် သူ့အနား ကျစ် ခနဲစုတ်သပ်လိုက်ရင်း ကျေနပ်အံ့သြနေသော အသံကြီးဖြင့်
''ကျုပ် တကယ်ကိုသတိမထားမိခဲ့တာ ကြည့်စမ်း!! ကျုပ်ရဲ့ရွှမ်တျန်းဂိုဏ်းမှာ ဒီလောက်တောင် ပါရမီရှိတဲ့ကလေး  ရှိနေမှန်း တကယ်ကိုသတိမထားမိခဲ့တာ အမတသခင်လော့ရှား အဲ့တာမင်းရဲ့ တပည့်လေးလား??''

ဖန်ယွမ် မအီမသာဖြစ်သွားပြီး ဒီမြေခွေးအိုကြီး၏ မျက်နှာအားကြည့်ရင်း စိတ်အနှောက်အယှက်ဖြစ်လာသည်။သို့သော် ဤလူသည် ဂိုဏ်းချုပ်ဖြစ်နေ၏။တောင်သခင် တစ်ယောက်ဖြစ်သော သူ့အနေနဲ့ ဆက်လက်ရှင်သန်ရန် ဒီလူ၏အရိပ်အား ခိုရန်လိုသေးသည်။သို့အတွက် ရွေးချယ်စရာမရှိဘဲ ဖန်ယွမ် သူ၏ဒေါသအား ထိန်းရင်း ပြန်ဖြေလိုက်သည်။
''သူက ဒီလူရဲ့ သာမန်တပည့်လေးတစ်ယောက်ပါ ဂိုဏ်းချုပ်က ချီးကျူးလွန်းနေပါပြီ။ဒီကလေးရဲ့ အရည်အချင်းက ကောင်းတဲ့အပြင် ကြိုးစားချင်စိတ်လေးလဲ ရှိတယ်။ဒီကလေး ဒီနေ့ဒီလို စွမ်းဆောင်နိုင်တာနဲ့တင် ဒီလူ ဝမ်းမြောက်မိနေတာ''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now