ARC 5.7

4.4K 713 35
                                    

ARC 5.7

ဖန်ယွမ်သည် အရာရာကို လက်ခံနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်သည်။သို့သော် မည်သည့်အတိုင်းအတာအထိလဲ??

သာမန်လူတစ်ယောက် မှတ်ဉာဏ်ပျောက်ဆုံးပါက ဇဝေဇဝါနှင့် သိချင်စိတ်ပြင်းပြမည်ကမလွဲပါပေ။ ထိုအခြေအနေဖြစ်အောင် ဘာတွေဖြစ်ပျက်ခဲ့သနည်း ရှာဖွေကြမည်ကို အသာထား သူတို့၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေမည်က မလွဲဧကန်ပါပေ။

ဥပမာဆိုရသော် ''အတိတ်တုန်းကငါက ဘယ်လိုလူစားမျိုးလဲ?'' ၊ ''ငါဘယ်လောက်အထိ အသက်ရှင်ခဲ့တာလဲ?'' ၊ ''ငါဘယ်လိုသေခဲ့တာလဲ?'' အစရှိသည်ဖြင့် မေးခွန်းများစွာရှိနေပေမည်။

သို့သော် ဖန်ယွမ်သည်တော့ ဤသို့မဟုတ်ခဲ့။သေဆုံးခဲ့ပြီဟူသော အခိက်ကိုတည်ငြိမ်စွာလက်ခံ၍ ဝိဉာဏ်ဘဝဖြင့် ရှင်သန်ဖို့ကိုပင် ကျေနပ်သဘောကျနေသေးသည်။ ရှောင်ဝူ နှင့် သူဆက်လက်ရှင်သန်နိုင်ဖို့ရာအတွက် နေ့တိုင်းလိုလို စွမ်းအင်ဘယ်လိုများများရအောင် စုဆောင်းရမလဲသာတွေးနေခဲ့သည်။ သူ၏ပျောက်ဆုံးနေသော မှတ်ဉာဏ်များအတွက်မူ တစ်ခါတစ်လေ မှတ်ဉာဏ်ပျောက်နေကြောင်း သတိထားမိလျှင် ဝမ်းနည်းစွာ သက်ပြင်းသာရှိုက်လိမ့်မည်။

''ယာယောင်ကျဲကျဲ ကဘာတွေစပရိုက်တိုက်မလို့လဲ?တကယ်ကြီး သိချင်နေပြီ အိုက်ယား??''

ဤအခြေအနေကို ရှောင်ဝူ ကြိုသိနေပြီးသားဖြစ်သည်။ ဖန်ယွမ် ဘာတွေကြုံခဲ့မှန်း  မသိသော်လည်း စတင်ပေါင်းစည်းစဥ်က သခင်၏မှတ်ဉာဏ်ကို Scanဖတ်ခဲ့ပြီးသားဖြစ်သည်။ဖန်ယွမ် သည်သူ၏အတိတ်မှ စိတ်ဝင်စားစရာ အကြောင်းများကိုမကြာခဏဆိုသလို ပြောပြလေ့ရှိသော်လည်း မကောင်းသည့်အရာများကိုမူ တမင်သက်သက် ကျော်ခွထိန်ချန်ထားလေ့ရှိသည်။အကြောင်းချင်းရာကို ရှောင်ဝူမသိသော်လည်း ဘာမှမသိသလို ပူးပေါင်းဟန်ဆောင်ပေးခဲ့သည်။

သွမ့်ယာယောင် သည်ဖန်ယွမ်၏ပုံပြင်များတွင် အပါရှိဆုံးလူသားတစ်ယောက်ဖြစ်သည်။သူ့အတွက် သူမသည်အမေတစ်ယောက်လို ၊အစ်မတစ်ယောက်လိုပါပေ။ ဖန်ယွမ်၏အလှပဆုံးသော မှတ်ဉာဏ်များသည် သူမထံမှပေါက်ဖွားလာသည်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now