ARC 9.12(Final) Zawgyicode

2.1K 98 0
                                    

ARC 9.12 (Final)

ရွှီရှီသည် သူ(မ)၏ သားဖြစ်သူက အခန်းတံခါးဝတွင် အထဲလည်းမဝင်၊ အပြင်လည်းမထွက်ဘဲ ငေးကြောင်ရပ်နေသည်ကို တွေ့လိုက်ရသည်။သူ၏ ဇဝေဇဝါနှင့် တုံးတုံးအအပုံစံလေးက တကယ့်ကို အကျပ်ရိုက်နေသည့်ပုံစံလေး။သူ(မ)သည် အမြန်ပင် လျှောက်သွားလိုက်ကာ သူ့ဝတ်ရုံစကိုဆွဲ၍ခေါ်လာခဲ့ပြီး ယန်ကျွေ့ဘေးရပ်စေလိုက်သည်။

'' သား ဝမ်ရယ်နဲ့သိတယ်ဆိုတာ အမေ့ကို ဘာ့ကြောင့်မပြောရတာလဲ၊ ခုလေးတင် ဝမ်ရယ်သားကို လာရှာတော့ အမေ့မှာ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး လန့်သွားတာပဲ ၊ အမေ ဝိုင်နဲ့အစားအသောက်တွေ သွားမှာလိုက်အုံးမယ် ၊ ဝမ်ရယ့်ကို အဖော်ပြုပေးပြီး စကားစမြည်ပြောနေခဲ့ ဟုတ်ပြီလား ''

ဖန်ယွမ် ခပ်တောင့်တောင့် ခေါင်းညိတ်ပြလိုက်သည်။သူ၏ပုံမှန် ပါးနပ်သည့်အသွင်ပျောက်ဆုံးနေကြောင်း ရွှီရှီ သတိထားလိုက်မိသည့်အခါ အနည်းငယ် စိုးရိမ်မိသွား၏။သို့သော် မြင့်မြတ်သည့်ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင်ဖြစ်သည်မို့ သူ(မ) ဘာမှပြော၍မရနိုင်သည့်အတွက် စိတ်တထင့်ထင့်နှင့်ပင် ထွက်သွားခဲ့၏။

သူ(မ) ထွက်သွားပြီး၍ သိပ်ဝေးဝေး မရောက်လောက်မီမှာပင် ကြီးမြတ်လှစွာသော အရှင်ဝမ်ရယ်သည် ချက်ချင်းပင် သူ၏တကယ့်အသွင်စစ်ကို ပြသလာတော့၏။ချက်ချင်းပင် ဖန်ယွမ်ကို ရင်ခွင်ထဲ ဆွဲသွင်းတော့သည်။ပြီးနောက် ပြုံးရယ်၍ ပြောလာ၏။
''ဘာလဲ ၊ ဒုတိယသခင်လေးနင်က ပန်းဝမ်ကိုတွေ့ရတာ မပျော်ဘူးလား ''

ဖန်ယွမ်သည် မျက်လွှာကိုပင့်၍ သူ့ကို တည့်တည့် စိုက်ကြည့်လိုက်သည်။ သူသည် ယန်ကျွေ့၏အင်္ကျီကို ခပ်တင်းတင်း  ဆောင့်ဆွဲလိုက်ပြီးမေးလိုက်၏။
''  အမေနဲ့ ဘာတွေပြောနေတာလဲ ''

'' မှန်းကြည့် ''

ယန်ကျွေ့၏ နှုတ်ခမ်းထောင့်စွန်းများ ခပ်ယောင်ယောင် ကွေးတက်သွားပြီး ဖန်ယွမ်၏ တင်ပါးလေးကို ခပ်ဆတ်ဆတ် ရိုက်လိုက်၏။ဖျန်းခနဲ အသံက တိတ်ဆိတ်နေသည့်အခန်းထဲ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တကယ့်ကို ရှက်ရွံ့ဖွယ်ပင်။ဖန်ယွမ်၏ နားရွက်ဖျားတို့လည်း နီရဲလာတော့၏။သူသည် သူ့ရင်ခွင်ကို ခေါင်းခွေ့လိုက်ရင်း ခေါင်းငုံ့ထားသည့်အတွက် သူ့ဆံနွယ်တို့ကမျက်နှာတစ်ဝက်ကို ဖုံးကွယ်နေကာ သူ့ကိုခပ်ဖွဖွ သတိပေးလာ၏။
'' သူ(မ)က ပဒေသရာဇ်ခေတ်ရဲ့ အမျိုးသမီးတစ်ယောက်၊ သူ(မ)အဲ့အတွေးကလဲ သိပ်ကိုရှေးရိုးဆန်တာမို့လို့ သူ(မ)ကို မခြောက်လိုက်မိစေနဲ့နော် ''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now