ARC 9.6

2.9K 515 16
                                    

ARC 9.6

နင်ရှီရုံ၏ မျက်နှာက ယင်ကောင်မျိုချထားမိသည့်အလား တောင့်တင်း ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသည့်အခါ ဖန်ယွမ်စိတ်ထဲ ကြိတ်ရယ်မိလိုက်ရင်း တွေးလိုက်မိသည်။သူ့မိသားစုက လူကြီးကို မြှူဆွယ်ချင်တယ်ဟုတ်လား?သတ္တိတော့ရှိသားပဲ....

သူသည် ယန်ကျွေ့၏ ကျယ်ပြန့်တောင့်တင်းသည့် ကျောပြင်ကို လက်နှင့် အသာပုတ်လိုက်ရင်း သိသိသာသာအသံကို မြှင့်လိုက်သည်။
''ကိုကိုကြီး ယွမ်! ကျွန်တော့်ကို အောက်ချပေးပါတော့!တစ်လျှောက်လုံး ကျွန်တော့်ကိုကျောပိုးခဲ့ရတော့ ပင်ပန်းနေလောက်ပြီ!ကျွန်တော်ကျန်မာရေးမကောင်းတာကိုပဲ အပြစ်တင်ရမယ်! အမြဲလို သူများတွေကို ဝန်ပိုအလုပ်ရှုပ်စေ​ေရာ!''

ယန်ကျွေ့သည် သူ့အကြံလေးကို ရိပ်မိပါ၏။သူသည်ဖန်ယွမ်ကို ညင်ညင်သာသာအောက်သို့ ချပေးလိုက်ပြီးနောက် သူ့ခေါင်းလေးကိုအသာဖွလိုက်ရင်း တုန်နေအောင်အလိုလိုက်သော လေသံဖြင့်
''ကိုကိုကြီးယွမ်က မပင်ပန်းပါဘူးကွာ!ချီအာလေးပျော်နေသရွေ့ ချီအာလေးတစ်သက်လုံးကျန်းမာရေးမကောင်းဘူးဆိုရင်တောင် ကိုကိုကြီးယွမ်က တစ်သက်လုံးပြုစုစောင့်ရှောက်ပေးဖို့ဆန္ဒရှိပါတယ်ကွာ!ကိုယ် ဒီမှာရှိနေသရွေ့ မင်းလေးကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး!''

နင်ရှီရုံက ကုချင်းကို တီးခတ်နေဆဲပင်။သို့သော် ယခင်က နားဝင်ချို ကြည်မြနေသည့်တေးသံတို့က တဖြည်းဖြည်း သံစဥ်လွဲကာ ဆူညံရှုပ်ထွေးကုန်၏။သူ့စိတ်တွေ ဖရိုဖရဲရှုပ်ထွေးကုန်ကြောင်း သက်သေပင်။

ဖန်ယွမ်၏ဗိုက်ထဲ ရင်ချင်စိတ်ကိုအောင့်ထားရလွန်း၍ အောင့်ပင် အောင့်ချင်လာ၏။ရယ်ချင်စိတ်ကို အတင်းဖိနှိပ်လိုက်ရင်း ဘဝင်ခွေ့သွားသည့်အမူအရာနှင့် ခေါင်းညိတ်လိုက်ရင်း ရင်ထဲထိသွားသည့်လေသံနှင့်ပြောလိုက်သည်။
''ကိုကိုကြီးယွမ်က ကျွန်တော့်အပေါ်အရမ်းကောင်းတာပဲ! ကိုကိုကြီး ရှိနေသရွေ့ ကျွန်တော်ဘာကိုမှမကြောက်တော့ဘူး!''

ထိုစကားပြောပြီးနောက် အမှုမဲ့အမှတ်မဲ့ ပုံစံနှင့်ဇာတ်လိုက်မဆီအကြည့်ရွှေ့လိုက်ပြီး အတောက်ပဆုံးပြုံးလိုက်ကာ
''အစ်မရှီရုံ!! ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ!!အစ်မ တီးတဲ့သီချင်းက ကောင်းလိုက်တာနော်! ဘာသီချင်းလဲဆိုတာ ကျွန်တော်တောင် မသိတော့ဘူး!မဟုတ်မှလွဲရော အစ်မဘာသာ ရေးစပ်ထားတာလား?အစ်ကိုတွေ အစ်မတွေက ဒီမှာ လက်ဖက်ရည်လေးသောက်ရင်း ရှုခင်းကြည့်နေကြတာ! လူတိုင်းရဲ့ ရွှင်နေတဲ့စိတ်ကလေးတွေကို အစ်မ မနှောက်ယှက်တာ ပိုကောင်းမယ်ထင်တယ်!''
ထိုသို့ပြောပြီးနောက် သူသည်ယန်ကျွေ့ကို သီးသန့်ခန်းဆီ ဆွဲခေါ်သွားလိုက်၏။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now