ARC 4.5 ⚠

9.1K 1K 128
                                    

ARC 4.5

__မင်းကို ငါဘယ်နေရာဆီ လိုက်ရှာရပါ့မလဲ??

သူပြောလိုက်သည့်စကား သူပြန်ကြားလိုက်ရသည့်အခါ ဖန်ယွမ် စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်သွားသည်။သူ၏မျက်ဝန်းများသည် မယုံကြည်နိုင်စွာ ပြူးကျယ်ဝိုင်းစက်သွားပြီး ရုန်းကန်ဖို့ပင် မေ့လျော့သွားသည်။

သူ့အပေါ်မှ တတိတိကိုက်ဝါးနမ်းရှိုက်နေသော ထိုလူသည် သူ၏အပြုအမူများကို ရပ်တံ့လိုက်ကာ ပြုံး၍သူ့အားကြည့်လာပြီး သူ၏လက်ကို ဖြေလျော့လိုက်ပြီး တဖြည်းဖြည်းသူ့အားလွှတ်ပေးလာ၏။

ဖန်ယွမ် ကြောက်လန့်တကြား လက်ကိုဆန့်လိုက်ကာ သူ့အားတင်းတင်းကြပ်ကြပ် ဖက်တွယ်ရန်ကြံလိုက်သော်လဲ မတော်တဆ နဂါးပလ္လင်ပေါ်မှ ပြုတ်ကျသွားသည်။သူ့ရဲ့ ဒူးတွေအရမ်းနာသွားတယ် မဟုတ်သေးဘူး တကိုယ်လုံး နာကျင်နေတယ် ရင်ဘက်ကြီးဆို ပေါက်ထွက်တော့မလိုပဲ...တူနဲ့ထုခံထားရသလို နှလုံးသားကအရမ်းကို နာကျင်လွန်းလို့ ငိုတောင်ငိုချလိုက်ချင်မိပြီ

''မင်းဘယ်ကိုသွားနေတာလဲ ယန်ကျွေ့??မင်း စိတ်ဆိုးနေတာလား??ဒါပေမဲ့ မင်းမှာ ဘာစိတ်ဆိုးပိုင်ခွင့်ရှိလို့လဲ တကယ်တမ်း စိတ်ဆိုးရမဲ့လူက ငါပါ!''

ဖန်ယွမ် သူ့အားဒေါသတကြီး အော်ဟစ်လိုက်သည်။သို့သော် ထိုလူကား ရပ်တံ့မသွားခဲ့။ဖန်ယွမ် ၏မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ပြတ်ပြတ်သားသားဆက်လျှောက်သွားတော့သည်။

အဲ့နောက်ကျောကို အရမ်းရင်းနှီးနေတယ်။အချိန်တွေအရမ်းကြာခဲ့ပြီဆိုတော့ သူမေ့ပျောက်နိုင်သွားခဲ့ပြီလို့ သူထင်ထားခဲ့တာ။တကယ်တမ်းတော့ မမေ့နိုင်သေးဘူးပဲ။

အဲ့ဒိနေ့ညနေခင်း ဆည်းဆာတိမ်တိုက်တွေက မီးလိုရဲရဲတောက်နေလေရဲ့။ဖန်ယွမ် စိတ်ငြိမ်အောင်ကြိုးစားလိုက်ရင်း မာန်စွယ်ချိုးလို့ တောင်းပန်ခဲ့သည်။

''ကောင်းယွီ ငါနေမကောင်းဖြစ်နေတယ်။ဆရာဝန်ပြောတာတော့ ကုသလို့မရနိုင်တော့ဘူးတဲ့!! ငါအရမ်းကိုကြောက်နေမိတယ်!! မင်းငါနဲ့အတူ ဂျာမနီကို လိုက်ခဲ့ပေးနိုင်မလားဟင်??''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now