ARC1-4

14K 2K 113
                                    

Unicode

ARC1-4

ဖန်ယွမ် ရွေးလိုက်သည့်ရုပ်ရှင်က လတ်တလောရေပန်းစားနေသည့် စိတ်ကူးယဥ် သိပ္ပံဇာတ်လမ်းပင်။မြင်တွေ့နေကြအတိုင်း ဂြိုဟ်သားများက ကမ္ဘာမြေကို ကျူးကျော်ကြသည့်ဇာတ်ကြောင်းပင်ဖြစ်သည်။ အဓိက ဇာတ်လိုက်များ၏ ကျွမ်းကျင်သော သရုပ်ဆောင်မှုများကြောင့် ဇာတ်လမ်းတစ်ခုလုံးကို သက်ဝင်နေသည်။တင်ဆက်သည့်လက်ရာက အံမခန်းဖြစ်သလို၊ အလင်းနှင့်အမှောင်ကို အံဝင်ခွင်ကျ အထူးနည်းလမ်းများဖြင့် အသုံးပြုထားပုံကလည်း လက်ရာမြောက်လှသည်။

ဖန်ယွမ်သည် ကနဦးကတော့ ဇာတ်​ကြောင်း သွေဖယ်ခြင်းမှ ရှောင်ရှားဖို့ ဇာတ်လိုက်ကို အချိန်ဆွဲရန်အတွက်သာ ရည်ရွယ်ထားသော်လည်း ရုပ်ရှင်၏ဆွဲဆောင်မှုကြောင့် အဆုံးထိ ကြည့်ဖြစ်သွားခဲ့၏။

ရုပ်ရှင်ရုံမှ ထွက်သည်အထိ ဇာတ်လမ်းထဲ နစ်မြှုပ်နေဆဲပင်။သူမနေနိုင်တော့ဘဲ အတွေးများကို ထုတ်ပြောမိတော့၏။
"တကယ်ဆို ခေါင်းဆောင်မင်းသားက မ​သေသင့်ဘူး၊ သူသေသေ မသေသေ ဇာတ်ကြောင်းကို ဘာထိခိုက်မှုမှ ရှိတာမှ မဟုတ်ဘဲနဲ့ကို ၊ အဆုံးသတ်မှာ ST ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရလို့ အာကာသထဲကို ယာဥ်တစ်စီးနဲ့ ထွက်သွားပြီး သေဆုံးသွားရတယ်တဲ့လား၊ဇာတ်ညွှန်းရေးဆရာက အရမ်းရက်စက်တာပဲ၊ သူက ကမ္ဘာကြီးကို ကယ်တင်ခဲ့တာလေ၊သူ့ကို အသက်ရှင်ခွင့်ပေးလိုက်လို့ မရဘူးလား??''

ကုချီ သည် သူ့ခေါင်းလေးကို ညင်ညင်သာပုတ်လိုက်ရင်း ရယ်လိုက်သည်။
"အရူးလေး....သူတို့သာ အဲ့လိုမလုပ်ဘူးဆိုရင်.....လူတွေ ဘယ်လိုလုပ် ရင်ထဲထိတော့မလဲ??လူတွေရဲ့ ရင်ထဲ စွဲကျန်စေဖို့ အဲ့လို ဖန်တီးထားတာလေ...''

ဖန်ယွမ် လက်မခံနိုင်ဆဲပင်
"ပရိသတ် အကြိုက်တွေ့စေဖို့အတွက်နဲ့.....လူတစ်ယောက်ကို အဲ့လိုသတ်ပစ်လိုက်တာက အရမ်းရက်စက်လွန်းရာ ကျမနေဘူးလား??''

"ရှောင်ယွမ်....ဒါက ဇာတ်လမ်းလေးတစ်ပုဒ်ပါကွာ...''

ဖန်ယွမ်တိတ်ဆိတ်နေဆဲပင်...ကုချီ ပြောတာအမှန်တွေဆိုတာ သူလဲသိပါတယ်...ဒါက ဇာတ်လမ်းလေးတစ်ခုသာ......ပြီးဆုံးသွားသည်နှင့်....မည်သည့်အရာမျှ ကျန်ရှိမနေတော့ချေ။သူသည် နှစ်ပေါင်းများစွာကြာအောင် ကမ္ဘာပေါင်း အသင်္ချေ ဖြတ်သန်းဖူးသည်။သို့သော်...ပုံရိပ်ယောင်ကမ္ဘာရှိ လူသားများသည် သူ့မျက်စိရှေ့တွင် တည်ရှိနေကြသည်။သူတို့၏မျက်ဝန်းမှ တစ်ဆင့် သူတို့၏ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းများကိုလဲ သူခံစားသိရှိခဲ့ရသည်။သူတို့သည်  ပုံရိပ်ယောင်လေးများသာ ဖြစ်သည်ဟု သူလက်သင့်မခံနိုင်ချေ။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now