ARC 8.2

3.2K 607 37
                                    

ARC 8.2

နူးညံ့အိစက်နေသည့် ကောင်လေးကို ရင်ခွင်ထဲ ပွေ့ထားရသည့်အချိန် ဖန်ယွမ်သည် မတော်တရော် ခံစားချက်များနှင့် ကဆုန်ဆိုင်းနေသည့် အတွေးများ ဝင်မလာဘဲ မိုးကြိုးပစ်ချခံလိုက်ရသလိုသာ ခံစားလိုက်ရသည်။

အကြောင်းမူကား ထိုခဏ သွေးစွန်းနေသော စာလုံးအကြီးကြီးက သူ့စိတ်ထဲဝင်လာလို့ပင်__Pheromones!!

သူသည် Beta တစ်ယောက် ဆိုသော်လည်း Heatကာလထဲမှ Omegaတစ်ယောက်၏ ရနံ့က သူ့အတွက် သေလောက်အောင် ညှို့ယူနိုင်စွမ်းရှိလို့ပင်။သူသာ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားလျှင် သူ့ရှေ့မှတော့ သွားပြီ...

နိုး နိုး နိုး အဲ့ဖြစ်နိုင်ခြေကို မတွေးနဲ့!!

ဇာတ်ညွှန်းထဲ ဖော်ပြထာသည့် ဇာတ်လိုက် နှင့် ဇာတ်လိုက်မတို့၏ ပထမဆုံး ညအကြောင်း တွေးကြည့်ရလျှင် ထိန်းချုပ်နိုင်စွမ်းကြီးလွန်းတယ်လို့ လူတိုင်းသိကြတဲ့ဇာတ်လိုက်က သူ့အသိစိတ် ဆုံးရှုံးသွားပြီး ဇာတ်လိုက်မအပေါ် ဝံပုလွေတစ်ကောင်လို ခုန်အုပ်ပြီး ဟိုဟာဒီဟာ လုပ်ပစ်လိုက်တယ်တဲ့!ဟိုဟာဒီဟာ လုပ်ပစ်ခဲ့တယ်တဲ့!

(*ဟိုဟာဒီဟာက ယူတို့တွေးလိုက်တဲ့ဟာပဲ🌚)

အဲ့ဒါအပြင်ကို 'knot' လို့ခေါ်တဲ့ အချိန်တိုအတွင်း ဖြေရှင်းလို့မရတဲ့ ပြောပြလို့မကောင်းတဲ့အရာတွေရဲ့ ဖခင်ကြီးလဲရှိသေးတယ်!! သောက်ရမ်းရှက်ဖို့ကောင်းတဲ့ဟာတွေလို့! မင်းမျက်နှာကို လွှင့်ပစ်လိုက်ရသလိုမျိုး!! ဘယ်လိုတောင် ကိုယ့်ကျင့်သိက္ခာတွေမဲ့ရတာပါလိမ့်! ဖြူစင်လွန်းတဲ့သူလေး လုံးဝ ခံနိုင်ရည်မရှိပါဘူးလို့!

သူ၏ စိတ်များက နောက်ကျိတုန်လှုပ်နေကာ ဒီအခြေအနေကိုဖြေရှင်းနိုင်မည့် အဖြေတစ်ခုထွက်လာရန် မျှော်လင့်နေမိသည်။ထိုစဥ် ကလေးငယ်က သူ၏ရင်ဘက်ကိုဆက်လက်ပွတ်သပ်နေ၏။စိတ်အနှောက်အယှက်ဖြစ်စွာ သူသည် ကောင်လေးကို မ၍ အိပ်ရာပေါ်မှ ထုတ်လိုက်သည့်အခါ ဝါရင်း၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး နူးညံ့ညင်သာစွာ တီးတိုးပြောလာ၏။
''မာရှယ် နိုးပြီလား?''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now