ARC 5.9

4K 707 40
                                    

ARC 5.9

ဇာတ်ကွက် ပိုတိုးတက်လာလေ ဖန်ယွမ် သည် ပို၍ပို၍ ညံ့ဖျင်းလာသည်ဟု ခံစားရလေဖြစ်သည်။ နောက်ကွယ်ကအကြောင်းရင်းသည် သူနှင့်လုံးဝ မသက်ဆိုင်ဘဲ ဇာတ်လိုက်က သောက်ကျိုးနည်းအောင် စိတ်ရှုပ်ဖို့ကောင်း၍ ဖြစ်သည်။

ဤတစ်ကြိမ်ကိုပဲ ဥပမာအဖြစ်ထားလိုက်ကြပါစို့။ သူခွဲစိတ်ခန်းဝင်ရမည့် ဂျူတီရှိနေသည့်အတွက် ထိုကောင်လေးကို မနက်ပိုင်းသွားရောက်မစစ်ဆေးပေးနိုင်တော့သည် ဖြစ်ရာ ဆရာကျောင်း ကို အကူအညီတောင်းခဲ့သည်။ သို့သော် သောက်ကျိုးနည်း အော်ပရေးရှင်းမစရသေးမီမှာပင် သူသည်ခွဲစိတ်ခန်းထဲမှ တွန်းထုတ်ခံလိုက်ရပြီး ဆေးရုံမှုးကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခွဲစိတ်ပေး၏။ သူသည်ကား ယွမ်စုန့်ကို နှစ်သိမ့်ပေးရန် VIP ဝါ့ဒ် သို့တွန်းပို့ခြင်းခံလိုက်ရသည်။

ဝါ့ဒ်ထဲသို့ ရောက်သည်နှင့် အခန်းတစ်ခုလုံး သပ်ရပ်သန့်ရှင်းနေကာ ပေါက်ခွဲသောင်းကျန်းထားသည့် အရိပ်အယောင်မရှိကြောင်း တွေ့လိုက်ရသည်။ ကြည်လင်အေးချမ်းသည့် အရိပ်အယောင်လေးနှင့် ယွမ်စုန့်သည် ဆေးရုံကုတင်ပေါ် လိမ်လိမ်မာမာလေးထိုင်နေပြီး သာမန်လူတစ်ယောက်နှင့် မခြားလောက်ပါပေ....
''မခြားလောက်ပါပေ'' လို့သူဘာကြောင့်သုံးထားတာလဲလို့ မေးချင်နေတာမလား??
ဘာ့ကြောင့်လဲဆိုတော့ အဲ့ကောင်စုတ်လေးက သွေးသွင်းတဲ့အပ်ကို ခပ်တင်းတင်းဆုပ်ပြီး သူ့လည်ပင်းသူ ချိန်ထားလို့လေ!!!

ထိုမှသာ ဖန်ယွမ်နားလည်သွားသည်____အရင်တစ်ခေါက် ဝါ့ဒ်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်တာက တကယ်ရည်ရွယ်ချက်ရှိရှိလုပ်တာ ကလေးဆိုးလိုဒေါသူပုန်ထရုံမဟုတ်ဘူး!! ဒီသောက်ကောင်က တကယ့်ကိုရေခဲတွင်းနက်ကြီးပဲ သူသာတကယ်သေချင်ရင် ရုတ်ရုတ်ရုတ်ရုတ် ဖြစ်အောင်မလုပ်ဘူး!! ဒီကောင်လေးကို ဆေးစစ်ပေးဖို့ အခြားတစ်ယောက်ကို သူအကူအညီတောင်းခဲ့လို့ ဒီကောင်ကတမင်လုပ်တာ!!

ဖန်ယွမ် သည်တည်တင်းနေသည့် မျက်နှာဖြင့် လျှောက်သွားပြီး လက်ကိုဖြန့်လိုက်ကာ အသံမာမာပြောလိုက်သည်။
''ဒီကိုပေး''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now