ARC 6.5

3.5K 617 35
                                    

ARC 6.5

ကုစူးအိမ်တော်သည် ဤဒေသတွင် ထင်ရှားသည့်သိုင်းလောကစံအိမ်တော် တစ်ခုဖြစ်သည်။သို့သော် ၎င်း၏သြဇာတိက္ကမသည် ဤနှစ်များအတွင်း ကျဆင်းလာခဲ့၏။ အကြောင်းမူကား စံအိမ်သခင် လန်ယွင်ခြေသိုင်း ပိုင်ရှင် ကုစူးရိသည် လွန်ခဲ့သောနှစ်များအတွင်းက အဆိပ်ခတ်ခံလိုက်ရပြီး အိပ်ရာထဲလဲသွားသောကြောင့်ဖြစ်၏။

ကုစူးအိမ်တော်တွင် ထူးချွန်ထက်မြက်သည့် နောင်လာနောင်သားများ မရှိဘူးလားဟု ဆိုလျှင်လည်းမဟုတ်။ သူတို့က အဖိုးဖြစ်သူ၏ ဂုဏ်းသတင်းကို မယှဥ်နိုင်ယုံသာ။ ထပ်ပေါင်းရသော် မျိုးဆက်သစ်များသည် အကြီးများထံမှ လမ်းညွှန်မှုများလည်းမရရှိခဲ့။ လောကဓမ္မတာအတိုင်း ပါရမီပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များစွာသည် ကျန်းဟူတခွင် အမြန်အစားထိုးပေါ်ပေါက်လာခဲ့ပြီး ထိုလူငယ်များက နေရာစုံတွင် ခြေကုပ်ယူလာကြကာ ရလဒ်အနေနှင့် ဤ2နှစ်တာကာလအတွင်း ကုစူးစံအိမ်တော်သည် တဖြည်းဖြည်းမှေးမှိန်သွားခဲ့၏။

မထင်မရှားအသွင်နှင့် နေသော်လည်း ကုစူးမိသားစု သည် ကုစူးရိကိုကုသရန် အံ့ဖွယ်သမားတော်တစ်ယောက် ရှာဖွေနေခြင်းကို မည်သည့်အခါမျှ မရပ်တံ့ခဲ့။သို့သော် ကျန်းဟူ ရှိ မည့်သည့်သမားတော်ကမျှ မကုသပေးနိုင်ခဲ့။ ဤကမ္ဘာပေါ်တွင် ​ဆေးတောင်ကြားမှ  နတ်ဆေးသမားတော် နှစ်ယောက်မှလွဲ၍ သခင်ကြီးကုစူးရိ၏ ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်သူမရှိလောက်ဟု ကျန်းဟူတခွင် ပြောစမှတ်တွင်ကြသည်။

ဆေးတောင်ကြားက ဘယ်မှာလဲ??ဤကမ္ဘာပေါ်မှ လူနည်းစုလောက်သာသိကြသည်။သို့အတွက် ကုစူးသခင်ကြီး၏ ရောဂါသည် သုံးနှစ်တာသို့ပင် ကြာညောင်းခဲ့သည်။

ဖန်ယွမ် မရည်ရွယ်ဘဲ သက်ပြင်းရှိုက်လိုက်မိတော့သည်။အဆိပ်မိတာ သုံးနှစ်ကြာပြီးတာတောင် အသက်ရှင်သေးတယ်ဆိုတော့ ဒီအဖိုးကြိး တော်တော်စွမ်းတာပဲ!သို့သော် အရာအားလုံးသည် ဤနည်းလမ်းအတိုင်းသာ ဖြစ်ရန်လိုအပ်သည်။ မဟုတ်ရင် ဇာတ်လိုက်မ သူ့အစွမ်းပြဖို့ အခွင့်အရေး ဘယ်ရှိတော့မလဲ??

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now