ARC 2.11(Final)

11.5K 1.5K 151
                                    

ARC 2.11(Final)

လူနာတင်ယာဥ်နှင့် ဆေးရုံသို့သွားနေစဥ်တစ်လျှောက်လုံး ဖန်ယွမ်သည် အသက်မဲ့သစ်သားတုံးကြီးလို ဖြစ်နေသည်။သူသည် ဖန်းရွှီ၏လက်တစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း စကားတစ်ခွန်းကိုသာ ထပ်တလဲလဲရေရွတ်နေ၏။
"မသေပါနဲ့....မသေပါနဲ့....မသေလိုက်ပါနဲ့...''

ဖန်းရွှီ တစ်ကိုယ်လုံး သွေးများရွှဲနစ်နေကာ...သူ၏တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေပုံက စိတ်မချမ်းသာစရာဖြစ်နေသည်။နှုတ်ခမ်းကိုလှုပ်၍ အသံတစ်ခုပြုလုပ်ရန် ကြိုးစားလိုက်သည့်အခါ...နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာသည်။

ဖန်ယွမ်သည် ချက်ချင်းပင်ဖန်းရွှီထံ ကိုယ်ကိုကိုင်း၍ သူ၏စကားများကိုနားထောင်လိုက်သည်။သူသည် လေသံကြားနိုင်သည်ဆိုယုံလေး အားနည်းနေသည့် ဖန်းရွှီ၏ပြောစကားကိုကြားလိုက်ရသည်။
"ငါမသေပါဘူး..အပြန်အလှန်အနေနဲ့...ငါ့ဘေးနားထာဝရနေပေး...ဟုတ်ပြီလား?.....''

ဖန်ယွမ်၏ မျက်ဝန်းများ ပြူးကျယ်သွားကာ...မည်သို့တုန့်ပြန်ရမည် မသိဆဲမှာပင်...ဖန်းရွှီ သည် ရုတ်တရက် သွေးတစ်လုပ် အန်ထွက်လာသည်။ဖန်ယွမ်သည် ချက်ချင်း ဖန်းရွှီ ၏လက်ကို တင်းတင်းကျပ်ကျပ် ဆွဲဆုပ်လိုက်ကာ...ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်သည်။သူလေးလေးနက်နက် ကတိပေးလိုက်၏။
"ဟုတ်ပြီ..ဟုတ်ပြီ...ငါကတိပေးတယ်...မင်းရဲ့ဘေးမှာ ထာဝရနေပေးမယ် ဟုတ်ပြီလား.....မင်းလုံးဝ မသေရဘူးနော်...မဟုတ်ရင် ငါလုံးဝခွင့်မလွှတ်ဘူး''

ဖန်းရွှီ သည် စိတ်သက်သာရာရစွာပြုံးလိုက်ပြီးနောက် တဖြည်းဖြည်း သတိလစ်သွားတော့သည်။

ဖန်ယွမ်သည် အလွန်ထိတ်လန့်သွားပြီး ဖန်းရွှီထံ ပစ်ဝင်လုနီးပါးပင်...သို့သော် ဆရာဝန်တစ်ယောက်က သူ့အားဖမ်းဆွဲထားလိုက်သည်။
"Sir...ခင်ဗျားထပ်ပြီး ကျွန်တော်တို့ကို ခွဲစိတ်ခန်းဝင်ဖို့ နှောင့်နှေးအောင်လုပ်နေရင်....လူနာကယ်လို့မရနိုင်တော့ဘူးနော်''

ထိုသို့ပြောရင်း သူသည် ဖန်ယွမ်ကို တွန်းထုတ်လိုက်ကာ ခွဲစိတ်ခန်းတံခါးကိုပိတ်လိုက်ပြီး ဖန်ယွမ်အား အပြင်တွင် ချန်ထားခဲ့လိုက်တော့သည်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now