ARC 3.3

9.2K 1.4K 104
                                    


ARC 3.3

ဖန်ယွမ် အကြံပေးခဲ့သည့်နေ့မှစ၍...ရက်ပေါင်းအချို့ ကုန်လွန်သွားခဲ့ပြီ ဖြစ်လေသည် ​။ဖိန်ချီ သည် သူ၏အကြံဉာဏ်ကို အသုံးပြုခဲ့သော်လဲ....ဖန်ယွမ်အား အဖေဖြစ်သူမှ သူလျှို အဖြစ် ပို့လွှတ်သည့်ကိစ္စနှင့် ပတ်သတ်၍ ဘာတစ်ခွန်းမျှ မဟပေ။မူလ ဇာတ်ကြောင်းအတိုင်း သူအား ဗျူဟာအကြံပေး အနေနှင့်လဲ မခန့်အပ်ပါချေ။ဒါကြီးက '' ဒီအကြံဉာဏ်က သူလျှို လုပ်ခဲ့တာရဲ့ အလဲအလှယ်''ဆိုတဲ့ သဘော သက်ရောက်မနေဘူးလား??ဖန်ယွမ် အလွန် စိတ်ရှုပ်နေမိသည်။

ပို၍ စိတ်ရှုပ်ထွေးရတဲ့ အကြောင်းမှာ...ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လဲ....ဇာတ်လိုက်ရဲ့ မျက်နှာကို မည်သည့်နေရာတွင်မှ မတွေ့ရတော့သည့် အတွက် ဖြစ်၏။

တကယ်တော့...ဖန်ယွမ်လဲ ဖိန်ချီ ကို လုံးဝလုံးဝ မတွေ့ချင်ပါဘူး..ဒါပေမဲ့...အရေးကြီး ကိစ္စတွေ လုပ်စရာရှိသေးလို့...မတွေ့ချင်လဲ တွေ့ရအုံးမှာ......သူ့ဘေးနားအမြဲခစားလို့..အကြံဉာဏ်တွေပေးရင်း သူ့ရဲ့ ဦးနှောက် ဖြစ်ပေးရမှာမလား??အခုက သဘောတူထားတာနဲ့...တော်တော်ကြီး ကွာနေပြီလို့!!

သူ့ရဲ့ ယုဇပင် လေးကို ချိုးလိုက်မိလို့..ဇာတ်လိုက်တစ်ယောက် ခုထိ စိတ်ဆိုးနေဆဲလို့ မပြောနဲ့နော်??ချီး... အဲ့လောက်ထိ သဘောထားသေး စရာလိုလို့လား ဟမ်?!မင်းက ဧကရာဇ် ဖြစ်လာမဲ့လူလေ.....သိရဲ့လား!

ဖန်ယွမ် သူ့နဲ့မတွေ့ရမှတော့...ဇာတ်ကြောင်းက ဘယ်လို ဆက်သွားလို့ရမလဲလို့??အရံဇာတ်ပို့ ဂေးဇာတ်ကောင်လေးအနေနဲ့....သူ့ရဲ့ဇာတ်ကွက်အများစုက ဇာတ်လိုက်ရဲ့ အနား ချည်နှောင်ထားတာ ကြီးပဲလေ။ဒါကြောင်းမို့လို့...အရေထူထူနဲ့ပဲ....အကြံဆက်ထုတ်ရတော့မှာပေါ့.....

အရင် နှစ်ကမ္ဘာက ဇာတ်လိုက်နှစ်ယောက်အကြောင်း ပြန်တွေးကြည့်မိအခါ....အစပိုင်းတုန်းက သူတို့ကို တော်တော်လေး မနှစ်သက်မိပေမဲ့.....အခုတော့...သူမှားမှန်း သူသိသွားခဲ့ပြီ။

သူတို့တွေက....အမြဲလိုလို ဇာတ်ညွှန်းအတိုင်းလဲ လိုက်မလုပ်....အမှားတွေ အမြဲလုပ်....အရေးကြီးချိန်ဆို ထဖောက်ကြပေမဲ့.....အနည်းဆုံးတော့....အရင်ကမ္ဘာတွေက ဇာတ်လိုက်နှစ်ယောက်က.....သူ့ကို ဇာတ်ကြောင်းအတိုင်း လုံးဝ လိုက်မလုပ်နိုင်အောင် မတားဆီးဘူးလေ....ဟင်း!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now