ARC 9.1 (ကိုယ်လုပ်တော်ဖွား နာမကျန်းဖြစ်နေတဲ့သား)

4.9K 559 32
                                    

ARC 9.1

အသိစိတ်ပြန်ကပ်လာချိန်တွင် အိပ်မက်တစ်ခုထဲနစ်မြုပ်သွားသလို အစစ်အမှန်မဟုတ်သလို ခံစားချက်တစ်ခုက ရင်ဝယ်စွဲထင်နေ၏။လေးလံခက်ခဲစွာနှင့်ဖ န်ယွမ်သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်လျှင် တခဏချင်ပင် ချွေးစေးတို့ရွှဲရွှဲနစ်သွား၏။

''အာ့.....နာလိုက်တာ ရှောင်ဝူရာ ငါကားတိုက်ခံထားရတာလား?''

ဘယ်သူမှ ပြန်မဖြေပေ။ဖန်ယွမ် စိတ်ထဲ နှစ်ကြိမ်လောက်ထပ်ခေါ်ကြည့်လိုက်သည်။ရုတ်တရက် သူ့နှလုံးသားရှော့ခ်ရသွားတော့သည်။ ရှောင်ဝူ......သူနှင့်အတူ ရှိပုံမရ။

အတတ်နိုင်ဆုံး အားတင်း ရုန်းကန်လိုက်ပြီး မျက်လုံးတို့ကို ဖွင့်ဟလိုက်သည့်အခါ တစ်ခန်းလုံး မှောင်နေသည်ကိုသာ တွေ့လိုက်ရပြီး ခပ်လှမ်းလှမ်းမှ ကြွက် ပြေးလွှားသံတို့ကိုပါကြားနေရသည်။သူ၏ခန္ဓာကိုယ်သည် ကောက်ရိုးမွေ့ရာထက် လဲလျောင်းနေပုံရပြီးသူ၏ကိုယ်လက်အင်္ဂါတို့က ခဲဆွဲထားသည့်အလား လေးလံကိုက်ခဲနေသည်။သူ မမြင်ရသေးသော်လည်း သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်အပြည့်ဖြစ်နေကြောင်း သူပြောနိုင်သည်။သူသည် ပြင်းထန်ရက်စက်လှစွာသော နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရကြောင်း ထင်ရှားနေ၏။

မဟုတ်သေးဘူး.......

ဒီဝတ္ထုက သူကိုယ်တိုင်ရွေးထားသည့်ဟာဖြစ်သည့်အတွက် ဒါ့​ကြောင့်မို့လို့ ဘယ်ဇာတ်ကွက်မှာတော့ ဘယ်လိုဆိုတာ သူသေချာ ပြောနိုင်ပြီးသားဖြစ်သည်။

ဒီဝတ္ထုက ဇာတ်လိုက်မ၏ပြန်လည်မွေးဖွားပြီးနောက် ပြန်လည်တိုက်ခိုက်ခြင်း မှတ်တမ်းဖြစ်ကာ အမွေလုပွဲများရော တော်ဝင်မောင်းမဆောင်တိုက်ပွဲများပါ ပါဝင်သည်။မူလပိုင်ရှင် နင်စစ်ယွမ်သည် ဇာတ်လိုက်မ၏အမွှာမောင်လေးဖြစ်၏။သူသည် မွေးကထဲမှ  အလိုလိုက်ချစ်မြတ်နိုးမှု တစ်ပုံတစ်ခေါင်းကို ပိုင်ဆိုင်ခဲ့ပြီး ဇာတ်လိုက်မ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာခဲ့သည်။ နောက်ပိုင်းတွင်ကား သူသည်ဧကရာဇ်ဖြစ်လာမည့် ဇာတ်လိုက်ဖြစ်သူအပေါ် ခံစားချက်များ ပေါက်ဖွားခဲ့လာသည်က သနားစရာပင်။ သူ၏လမ်းကြောင်းကို ပြောင်းလဲရန် အကြိမ်ကြိမ်ဖြောင့်​ဖြပါသော်လည်း သူ မလုပ်ခဲ့သည့်အတွက် နောက်ဆုံးတွင် ဇာတ်လိုက်မသည် နှလုံးသားကိုမာကျောအောင် ကြိုးစားကာ သူ့ကို နင်ကျိုး သို့ပို့လိုက်ပြီး သေသည့်အချိန်ထိ နေပြည်တော်သို့ပြန်လာခွင့်မပြုတော့။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now