ARC 7.4

2.9K 614 20
                                    

ARC 7.4

ဟန်လန် သူ့ကိုအကဲခတ်နေကြောင်း ဖန်ယွမ်သတိထားမိလိုက်သည့်အတွက် သူ၏စိတ်ထဲမလွယ်ကူသလို ခံစားလိုက်ရသည်။ထိုလူ၏ တည်ရှိမှုက သန်မာလွန်းလှသည့်အတွက် လူတစ်ယောက်ကို ကြောက်ရွံ့သွားစေနိုင်သည်။

ဇာတ်လိုက်၏ရှေ့ ဇာတ်လိုက်မ၏မကောင်းကြောင်းကို ပြောလိုက်ရသည့်အပေါ် သူလိပ်ပြာမသန့်မဖြစ်မိပါ။ပထမအချက် သူလိမ်ပြောခြင်းမဟုတ်။ဇာတ်လိုက်မက သူ့ကိုတကယ်စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။ဒုတိယအချက် သူသည်ယခုအချိန် ကျောင်းယွမ်ဖြစ်နေလေပြီ။ မူလပိုင်ရှင်၏ နှလုံးနက် ကြာပန်းဖြူလေး စိတ်ထားအရ လူစိမ်းတစ်ယောက်၏ရှေ့ သနားစဖွယ်ဟန်ဆောင်ကာ ဂရုဏာသက်အောင်လုပ်သည်က ပုံမှန်ပင်။

အရံဂေးဇာတ်ကောင် အချစ်ပြိုင်ဘက် တစ်ယောက်၏ပင်ကိုသိစိတ်အရ ဇာတ်လိုက်မတစ်ယောက် နောက်ထပ်မမဲနိုင်တော့သည်အထိ မင်လိုမဲနက်နေစေကာမူ ဇာတ်ညွှန်း၏ စွက်ဖက်မှုအောက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ နောက်ဆုံးအတူရှိကြမည်က မလွဲပင်။ ဘာပဲဖြစ်ဖြစ် အဲ့အချက်က သူ ကျောင်းမုန့်ရဲ့လမ်းကို ဆူးညှောင့်ခလုတ်တွေ ပစ်ချတဲ့အပေါ် မတားဆီးနိုင်မှာပါဘူး!!သူမရဲ့ ကန်ချက်က သောက်ရမ်းရက်စက်လွန်းတယ်!ခုချိန်ထိ နာနေတုံးလို့!!

ဟန်လန် သည်မျက်မှောင်ကြုံ့ရင်း သူ့ရှေ့မှကောင်လေးကို ကြည့်လိုက်သည်။သူသည် အမြဲလိုလို တည်ငြိမ်အေးစက်သည့်လူတစ်ယောက်ဖြစ်သော်လည်း ယနေ့ သူ ဒေါသထွက်ရသည်မှာ နှစ်ခါရှိပြီ။လုံးဝကို မူမမှန်ဘူး!! ဤမောင်နှမ နှစ်ယောက်နှင့် ပထမဆုံးစတွေ့ခဲ့သည့်အချိန်များကို သေချာပြန်တွေးတောကြည့်ပြီးနောက် မကြာမီအကြောင်းရင်းကိုနားလည်သွားတော့သည်။

ကျောင်းမုန့်၏ စိုးရိမ်တကြီးအမူအရာက အမှားအမှန်ဝေခွဲမရဖြစ်​စေသော်လည်း သူမ၏စကားများက တောင်ရောက် မြောက်ရောက်ဖြစ်နေသည်။ကျောင်းယွမ်သည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ စွမ်းရည်မရှိသည့် သာမန်လူတစ်ယောက်ဖြစ်သည့်အပြင် အရွယ်လဲမရောက်သေး။ကောင်လေးသည် စိတ်ရောကိုယ်ပါ မရင့်ကျက်သေးပေ။ကမ္ဘာပျက်ကပ်လို အချိန်အခါတွင် ကျောင်းယွမ်သည် သူ့အစ်မဖြစ်သူကို ကော်လိုကပ်​နေမည်က မလွဲပင်။သူလေး ထွက်ပြေးချင်ရင်တောင် ထွက်ပြေးဖို့ရာ ဘယ်သတ္တိရှိနိုင်ပါ့မလဲ?

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now