ARC 9.5

3.3K 548 40
                                    

ARC 9.5

ဖန်ယွမ်သည် တဒိန်းဒိန်းတိုးလာသော ရင်ခုန်သံကို ပြန်ကြားရခဲ့လျက် ထိုခဏတွင် ထုံကျန်းရွှမ်ကို သူတကယ်မေးလိုက်ချင်နေမိသည်။_

''မ​ေ- -ိုး! မင်းရူးနေတာလားကွ?!''

သို့သော် သူ မလုပ်နိုင်သည်မှာ ထင်ရှား၏။အကြောင်းရင်းက ယန်ကျွေ့၏ မျက်နှာသည် ဒယ်အိုးဖင်လို မဲချိပ်လာ၍ ဖြစ်တော့၏။ထိုလူသည်ကား လူကြားသူကြားပင် မရှောင် ပြဿနာရှာနိုင်သူ။ထိုလူသည်ကား ခေါင်းတွင် အပေါက်ပါနေသလို တစ်လောကလုံးက သူ့ရန်သူများဟု ထင်နေတတ်သူ။တစ်လောကလုံးဟုဆိုရာဝယ် လူများပင် မဟုတ်၊ ခွေးကလေးတွေ၊ကြောင်ကလေးတွေ၊ နောက်ဆုံး ပန်းပွင့်လေးတွေ တောရိုင်း အကောင်ငယ်လေးတွေပါ ပါ၏။

အကယ်၍ သူသာ ထုံကျန်းရွှမ်ကို စကားတစ်ခွန်းလောက် ပြောလိုက်ပါက သူတော့နောက်နေ့တွင် လမ်းပေါ်သေနေသော အမျိုးသား အလောင်းတစ်လောင်း တွေ့ရတော့မည်ဟု ခံစားနေရသည်။

ဆိုရလျှင် ထုံကျန်းရွှမ်းသည်လည်း လူကောင်းတစ်ယောက်တော့မဟုတ်။အစပထမပိုင်း မူလပိုင်ရှင် မှားယွင်းစွပ်စွဲခံရကာ နှိပ်စက်ခံရစဥ်က သူရှိခဲ့သော်လည်း အစမှသည်အဆုံးထိ သူသည် အေးတိအေးစက်သာ ရပ်ကြည့်နေခဲ့သည်။အသက် 14နှစ်အရွယ် နားမကျန်ဖြစ်နေသည့် ကောင်လေးတစ်ယောက် သေမလို နှိပ်စက်ခံနေရသည်ကို ကိုယ်ပိုင်မျက်လုံးတို့နှင့် ကြည့်နေခဲ့သည်ဆိုထဲက သူဘယ်လောက်တောင် အကြင်နာမဲ့သွေးအေးမှန်း သိသာလွန်းသည်။

သို့ပေသိ ဤလောကကြီးထဲ တရားဝင်မင်းမှုထမ်းများနှင့် သမားတော်များမှလွဲလျှင် လူတစ်ယောက်ကို ကယ်ကိုကယ်ရမယ် ဆိုတဲ့တာဝန် ဘယ်ရှိပါ့မလဲ?ကယ်သည် ဆိုလျှင် ကယ်ခဲ့သည်ပေါ့ သနား၍ ဂရုဏာထားခဲ့သည်ပေါ့! မကယ်ဘူးဆိုလျှင်လည်း မကယ်ဘူးပေါ့! အပြစ်တင်ဖို့ရာ အကြောင်းပြချက်မရှိ မည်သည့်ဝတ္တရားမှ မရှိသည်ဘဲ ။ အထူးသဖြင့် ဆွေမျိုးဟူသည့် အပေါ်ယံနှောင်ကြိုးလေးတွေသာ ရှိသည့် အရာရှိတို့၏သားသမီး တို့တွင် ဤအခြေအနေက အဖြစ်များသည်။လူ့အသက်ဟူသည် သူတို့အတွက် တန်ဖိုးသိပ်မရှိသလို။ ထပ်ပေါင်း၍ ထုံကျန်းရွှမ်နှင့် နင်ရှီရုံက ပိုရင်းနှီးကြသည်လေ။သူ မီးထဲလောင်စာ ထပ်မထည့်သည်ကပင် ကြင်နာထောက်ထားသည်ဟုဆိုမည်။သို့အတွက် သူ့ကိုအပြစ်တင်ဖို့ရာ အကြောင်းပြချက်မရှိ။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now