chapter1

20.9K 2K 131
                                    

Unicode

Warning တစ်ရှူးဆောင်ထားပြီးမှဖတ်ပါ

အပိုင်း၁

ပိုးသတ်ဆေးနံ့တို့သည် အခန်းအတွင်းပျံနှံ့လျက်ရှိကာအိပ်ရာဘေးတွင် အမျိုးမျိုးသော ဆေးဘက်ဆိုင်ရာ ကိရိယာများ တပ်ဆင်ထားလျက်ရှိသည်။ပြတင်းပေါက်မှကြည့်လျှင် လင်ဒန်ပင်မှအရွက်တို့သည် အဝါရောင်သို့ပင် ပြောင်းလဲလာနေပေ၏။ဂျာမနီနိုင်ငံသည် ဆောင်ဦးရာသီသို့ပင် ရောက်ရှိချေပြီ။

*လင်ဒန်ပင်=အသဲပုံအရွက်များရှိသော သံပုရာမျိုးနွယ်ဝင် အပင်တစ်မျိုး

အိပ်ရာပေါ်ရှိ အမျိုးသားလေးသည် ပိန်လှီဖျော့တော့ကာ သက်ဝင်တက်ကြွမှု မရှိလေတော့ပြီ။တိတ်ဆိတ်နေသောအခန်းငယ်ထဲတွင် ဖုန်းမှ တတီတီမြည်သံသာ ကြီးစိုးနေလျက် အမျိုးသားလေးသည်တော့ ထိုဖုန်းကိုသာ တစ်စိုက်မတ်မတ် ကြည့်ရှုနေသည်။တစ်ခဏမျှကြာပြီးနောက် ဖုန်းမှအသံထွက်လာ၏။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်၍ မရနိုင်ပါရှင်..
Sorry, the number you dialed cannot be connected at this time. -”

သူသည် ရှည်လျား​​သေးသွယ် လှသော လက်ချောင်းလေးဖြင့် ထပ်မံခေါ်ဆိုပါသော်လည်း ဖုန်းမှာဆက်သွယ်၍မရနိုင်ခဲ့။ နာကျင်ရသည်ကိုပင် စွဲလမ်းရူးသွပ်နေသည့်လူ တစ်ယောက်လို မည်သည့်အမူအယာမှမပြောင်းဘဲ ထပ်ခါထပ်ခါ သာခေါ်ဆိုနေ၏ ။သူဟာ လွယ်လင့်တကူ အလျော့မပေးနိုင်သောသူ အလား။
 
*M-masochist

သူ့ဘေးနားရှိ နာစ့်မလေးသည် နောက်ဆုံးမှာတော့ မနေနိုင်စွာ သူ့အား ဖျောင်းဖျလာသည်။
"မစ္စတာ ဖန် အဲ့လူက အလုပ်များနေလို့ဖြစ်မှာပါ ၊ မဟုတ်ရင်လဲ ဖုန်းအားကုန်နေလို့ ဖြစ်မှာပါ ခဏလောက်လှဲ ပြီး ​အနားယူလိုက်ပါလား ဒီလိုဆက်လုပ်နေရင် ရှင့်ရဲ့ ကျန်းမာရေး ပိုဆိုးလာလိမ့်မယ် ရှင်လဲ ကိုယ့်အခြေအနေကိုယ်သိသားပဲ ဒီ့ထက်သာ ပိုဆိုးလာရင်...........''

ဖန်ယွမ် သည် သူ(မ)အား လျစ်လျူရှုထားကာ မျက်လုံးပိတ်လိုက်ပြီး ခေါင်းအုံးဖြူဖြူပေါ်သို့ ခန္ဓာကိုယ်အား နစ်ဝင်စေလိုက်သည်။သူ့လက်များကတော့ နောက်ဆုံးသောကောက်ရိုးမျှင်လေးလို ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ။
 

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now