ARC 7.1(ကမ္ဘာပျက်ကပ်မှာရှင်သန်ဖို့ ရွှေပေါင်လုံးကို ဖက်ကြစို့)

4.5K 616 23
                                    

ARC 7.1

ရင်းနှီးနေသည့် နာကျင်မှုပျောက်ကွယ်သွားရန် စောင့်ဆိုင်းနေစဥ် သူ၏ခေါင်းပို၍သာကိုက်ခဲလာကြောင်း ဖန်ယွမ်ခံစားလိုက်ရသည်။ခေါင်းတင်ကိုက်တာမဟုတ်ဘူး နှလုံး၊အသည်း၊အဆုတ်၊​သရက်ရွက်၊ကျောက်ကပ် နေရာစုံပဲ!!ဇာတ်ညွှန်းအတိုင်းလိုက်လုပ်ရမှာထက်စာရင် နာလွန်းလို့ အခု သေတောင်သေလိုက်ချင်နေပြီ!!

သူ အော်ဟစ်လိုက်သည်။''ရှောင်ဝူ မင်းသောက်ကျိုးနည်း ငါ့ကိုကစားနေတာလားကွ?!ဘယ်လို သောက်ကျိုးနည်းဇာတ်ညွှန်းကို ရွေးထားတာလဲဟမ်?''

''ဒင် သခင့်ရဲ့စိတ်အခြေအနေ အရမ်းအတက်အကျ မြန်လွန်းအားကြီးနေပါတယ်!ဇာတ်အိမ်က စတော့မှာမို့ တတ်နိုင်သလောက်အမြန်ဆုံး တည်ငြိမ်အောင်လုပ်ပါ''

''မင်းခေါင်းကိုပဲ တည်ငြိမ်နေလိုက်!မင်းက r*pe ခံရမဲ့လူမှမဟုတ်ဘဲ!မင်းက ဇွန်ဘီ အစာဖြစ်မဲ့လူမှ မဟုတ်ဘဲ! ငါက အခုလေးတင်မှ သာယာ အေးချမ်းလွန်းတဲ့ ရှေးခေတ်ဇာတ်အိမ်ကနေ ထွက်လာတာကို မင်းကဒီလိုသောက်ရမ်းရက်စက်ကြမ်းကြုတ်လွန်းတဲ့ ကမ္ဘာကြီးထဲ တန်းပို့လိုက်ရလားကွ! စိတ်ပြင်ဆင်ဖို့အချိန်လေးဘာလေး ပေးအုံးမှပေါ့''

ရှောင်ဝူ၏အသံသည် အလွန်တည်ငြိမ်နေ၏။''ဒင် တာဝန်ရဲ့ဆုကြေးပိုများလေ ကောင်းလေလို့_သခင်ကိုယ်တိုင်တောင်းဆိုခဲ့တာပါ!ဆုကြေးတွေကပိုများလေ ခက်ခဲမှုကလဲပိုများလေပါ!အလကားရတဲ့ နေ့လည်စာဆိုတာမရှိပါဘူး! သခင် အဖြစ်မှန်ကို အမြန်ဆုံးလက်ခံလိုက်ပါ''

ဖန်ယွမ် ဒေါသထွက်လွန်း၍ လူရိုက်ချင်လာသည်။သူသည် အသက်ပြင်းပြင်း ရှုထုတ်ရှုသွင်းလုပ်ပါသော်လည်း စိတ်ပြေမလာခဲ့။ရှောင်ဝူ၏ Level မြင့်လာသည့်အတွက် ဇာတ်ညွှန်းကို သူ့သဘောနှင့်သူရွေးချယ်နိုင်ပြီဖြစ်သည်။သို့သော် အနိမ့်စားလွင်ပြင်မှ အနိမ့်စားကမ္ဘာနှင့် အလယ်တန်းလွင်ပြင်မှ အလတ်တန်းစားကမ္ဘာများကိုသာ ရွေးချယ်နိုင်သေးသည်။ဒါပေမဲ့ ပထဆုံးစရွေးချယ်ခွင့်ရှိပြီဆိုတာနဲ့ ဒီလိုတွေလုပ်ချလိုက်မယ်လို့ သူလုံးဝထင်မထားခဲ့ဘူး!!

သူ၏ သခင်သည် ပူဆွေးသောကပင်လယ်ထဲနစ်မြှုပ်ကာ လုံးဝရုန်းမထွက်နိုင်ဖြစ်နေသည်ကို ရှောင်ဝူတွေ့လိုက်ရသည့်အခါ ခေါင်းခဲလာတော့သည်။ သူ ထပ်သတိပေးလိုက်သည်။
''ဒင် Systemရဲ့ဖြစ်ခဲ့သမျှ Data တွေရဲ့ ရလဒ်အရတော့ ဇာတ်ညွှန်းရဲ့ ခက်ခဲမှုအဆင့် ဒါမှမဟုတ် မူလပိုင်ရှင်ရဲ့ကံတရားကလွဲရင် ကျန်တဲ့ သခင်အနာဂတ်မှာကြုံရမဲ့ မကောင်းတဲ့ဖြစ်ရပ်မှန်သမျှ ကဖယ်ရှားခံလိုက်ရမှာ မဟုတ်လား? သခင် ဒီလောက်လဲစိတ်ပူစရာမလိုပါဘူး!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now