ARC 7.7

3K 601 41
                                    

ARC 7.7

လူသူကင်းမဲ့နေသေည့် ဝါးတောအုပ်ထဲ အရူးတစ်ယောက်နှင့် ဟိုအကြောင်းဒီအကြောင်း ဆွေးနွေးသည်က မိုက်မဲရာကျလွန်းသည်ဟု ဖန်ယွမ် ခံစားလိုက်ရသည်။

ဖုန်းကျယ်တစ်ယောက် သူ့ကိုအကြီးအကျယ်မကျေမချမ်း ဖြစ်နေရသည့်အကြောင်းရင်းက မူလပိုင်ရှင်သည် သူ့အပေါ်ကြ အမြဲလိုလို အေးတိအေးစက်ဆက်ဆံနေခဲ့သော်လည်း ယခုမူ အခြားကောင်များနှင့် လုံးလားထွေးလား နေသည့် အတွက်ကြောင့်ပင်။ဖုန်းကျယ် တစ်ယောက် သူ့အချစ်သိက္ခာ ကို စော်ကားခံလိုက်ရသလို ခံစားလိုက်သည့်အတွက်ပင်။ သို့ပေမဲ့ ကိစ္စရပ်တွေက မြင်နေရသလိုမှမဟုတ်တာ အမှန်တရားကိုရှင်းပြလိုက်လို့လဲ ပြဿနာမရှိနိုင်ပါဘူး ဟုတ်တယ်ဟုတ်?

ဖန်ယွမ်သည်  မှားယွင်းစွပ်စွဲခံလိုက်ရသလို မတရားခံလိုက်ရသည့် မျက်နှာပေးလေးနှင့် မျက်ရည်ကိုညှစ်ထုတ်လိုက်ရင်း ဘာမှမဖြစ်သည့်ဟန် တင်းထားသည့် ပုံစံလေးနှင့် ဒေါသတကြီးပြောလိုက်သည်။
''ခင်ဗျားက ကျွန်တော့်ကို အသိဆုံးလူလို့ ကျွန်တော်ထင်ထားခဲ့တာ! ခုကြည့်ရတာ ကျွန်တော်မှားသွားတဲ့ပုံပဲ! ဟမ့် ကျွန်တော်သာ တွေ့ကရာလူကို လက်ခံနိုင်တဲ့လူဆိုရင် ခင်ဗျားကို အမြဲလိုလို ငြင်းခဲ့မှာမဟုတ်ဘူး! ကျွန်တော် ဆက်ဆံရေးတစ်ခုကို အရမ်းအလေးအနက်ထားတဲ့ လူတစ်ယောက်!! ကျွန်တော်က ကျွန်တော်ချစ်တဲ့လူတစ်ယောက်ထဲကိုပဲ နှလုံးသားတံခါးဖွင့်ပေးမှာ! အခြားသူတွေလား ဟမ့် စိတ်တောင်မကူးနဲ့!''

ကျောင်းယွမ်၏ ဆွဲဆောင်မှုအရှိဆုံးသောအရာကား ဤသို့ သူ၏ မာန်တက် စိတ်ကြီးဝင်နေသည့် ပုံစံလေးဖြစ်ကြောင်း သူသိသွားပြီး ဖုန်းကျယ် မှင်သက်မိန်းမောသွားတော့သည်။သူစိတ်ပျော့သွားခါနီးအချိန် ကျောင်းယွမ်၏ လည်တိုင်သွဲ့သွဲ့ကို မျက်လုံးက ဖျက်ခနဲရောက်သွားပြီးနောက် ကောင်လေးကိုယ်အနှံ့မှ အနီမှတ်များကို တဖန်တွေ့လိုက်ရပြီး ဒေါသက ငယ်ထိပ်အထိ တဖန်ဆောင့်တက်လာပြန်ကာ ထိန်းမရသိမ်းမရလောက်အောင် ဒေါသထပ်ထွက်လာတော့သည်။

လှောင်ရယ်သံတစ်ချက်နှင့် ဖုန်းကျယ် မေးလိုက်သည်။
''ဆိုတော့ မင်းကြိုက်သွားတဲ့လူက ဟန်လန်လား လိန်းစစ်ယဲ့လား? ဒါမှမဟုတ် နှစ်ယောက်လုံးလား? မင်းတို့တွေ ညက သုံးယောက်တွဲများ ချခဲ့တာလား? ဟမ်?ကျစ် ကျစ် မင်းရဲ့ ခန္ဓာကိုယ်လေးက သူတို့ကို ​​ကျေရော ကျေနပ်စေရဲ့လား?''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now