ARC 3.8

7.6K 1.3K 105
                                    

ARC 3.8

ခရီးတစ်ဝက်လောက် ရောက်သည့်အချိန်တွင် ရထာလုံးသည် ရုတ်ခနဲ ရပ်တံ့သွား၏။ရုတ်ချည်း ရပ်တံ့သွားမှုကြောင့် ဖန်ယွမ်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုနီးပါးပင်။သူမြို့တော်ရဲ့ လူများတဲ့ အရပ်ကို ကျော်သွားတာနဲ့ တစ်ပြိုင်နက် သူတို့ မြန်မြန်စတော့တာပါပဲလား!!အိမ်ရှေ့စံမင်းသားကတော့ ဒေါသကို ထပ်ထိန်းမထားနိုင်တော့ဘူးထင်ပါရဲ့!!သူ နှင်းကျနေလို့ လူနည်းတာကို အခွင့်ကောင်းယူတာလား??ဒါမှမဟုတ်..သူ့ရဲ့စိတ်နေစိတ်ထားကပဲ အဲ့လောက် ဒေါသူပုန်ထလွယ်တာများလား??

သူသည် နလပိန်းတုံး ပုံစံဖြင့် ရထားလုံး၏ ခန်းစီးကန့်လန့်ကာ ကိုမလိုက်ကာ အပြင်သို့ကြည့်လိုက်သည်။မျှော်လင့်ထားသည့်အတိုင်း မြင်းရထားမောင်းသမား သည် နှင်းတောထဲ လဲကျနေကာ မြေပြင်၌ ကြက်သွေးရောင် သွေးအိုင်တစ်ခု စွန်းထင်းနေ၏။

ဖန်ယွမ်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုံ၍ အကြည့်လွှဲလိုက်သည်။အတိတ်ကာလ သူသည် အရေးမပါသော ပါမွှားဇာတ်ကောင်များတွင် သရုပ်ဆောင်ရစဥ်အခါက အမျိုးစုံသော နေ ရာများတွင် သရုပ်ဆောင်ခဲ့ရသည်။သေခြင်းတရားသည် ချက်ချင်းကြုံတွေ့ရမည့် အရာဖြစ်ကာ____သူ့မှာ ကြောက်ဖို့ပင် အချိန်မရှိ..နောက်တစ်ခဏတွင် သူမည်သို့မျှ မခံစားရတော့ပေ။

ဤလောကမှ သရုပ်ဆောင်များအတွက် ဝမ်းနည်းစရာအကောင်းဆုံးသောအရာမှာ____နောက်ကြုံတွေ့ရမည့်အရာသည် သေခြင်းတရားဟု သိနေရသော်လဲ ကြောက်ရွံ့စိတ် တစ်စွန်းတစ်စမှ ပြ၍မဖြစ်ပါ။ထို့သို့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ရပြီးသည့်နောက် သူ့နှလုံးသားသည်လဲ အေးစက်မာကျော လာခဲ့ပြီးဖြစ်ချေတော့သည်။

ဖန်ယွမ်သည် ဝတ်စုံနက်ဝတ်လူနှင့် တိုက်ခိုက်နေဆဲ ချွေ့ဟုန်ကို ကြည့်လိုက်သည်။ထို့နောက် တိုက်ခိုက်နေဆဲ သူနှင့်အတူပါလာသော အစောင့်များကို ကြည့်လိုက်သည်။နေ့ခင်းကြောင်တောင်တွင် ခြုံခိုတိုက်ခိုက် လုပ်ကြံလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့သည့်အတွက် သူ့အတွက် အစောင့်အဖြစ်ပါလာသော လူအရေအတွက်ကမလုံလောက်ပါချေ။အစောင့်များ ကိုယ်တိုင်ပင် သတိမမူမိသည့်အတွက်..သူတို့သည် အနည်းငယ် အရေးနိမ့်သည့်ဘက်သို့ ရောက်နေခဲ့သည်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now