ARC 9.3

2.9K 582 21
                                    

ARC 9.3

ဒုတိယသခင်လေး တော်ဝင်စာမေးပွဲကို ဝင်ဖြေမည့်သတင်းက အိမ်တော်မှတစ်ဆင့် အမြန်ပင်ပျံ့နှံ့သွား၏။သခင်များမှသည် အစေခံများသို့တိုင်​အောင်။ ဝါးနိုင်သည်ထက် ပိုစားရန်ကြံရွယ်​နေသည်ဟူ၍ သူ့ကို အတင်းမပြော မလှောင်ပြောင်သည့်သူဟူ၍ မရှိ။အဖျားက သူ့ကိုရူးကြောင်ကြောင်ဖြစ်သွားစေကာ သူ့ဦးနှောက်က အဖျားကြောင့် လောင်ကျွမ်းသွားပြီး အခုအလုပ်မလုပ်တော့တာ ဖြစ်မည်ဟု ကလေးအစ ခွေးအဆုံးလှောင်ပြောင်နေကြ၏။

နင်စစ်ချီသည် မွေးဖွားလာထဲက သူ့ခန္ဓာကိုယ်က ချည့်နဲ့နုနယ်၏။သမားတော်ကသူသည် သာမန်လူ့သက်တမ်းပင် မနေနိုင်လောက်ဟု ပြောခဲ့၏။ရွှီရှီသည် ထိုအချင်းအရာကြောင့် အလွန်ရင်ကွဲခဲ့ရပြီး သူပျော်ပျော်ရွှင်ရွှင်နှင့် လွတ်လွတ်လပ်လပ်နေနိုင်ဖို့ကိုသာ မျှော်လင့်ထားခဲ့သည်။ထို့ကြောင် သူ(မ)သည် သူ့ကိုကလောင်တံကိုင်တာ စာပေလေးမျိုး ၊ဂန္ထဝင်လက်ရာငါးခု ကို သင်ယူဖို့ ဖိအားမပေးခဲ့။ မသင်မနေရ သင်ယူတတ်မြောက်ခဲ့သည်က ရေးနိုင်ဖတ်နိုင်သည်ဆိုယုံမျှသာ။ထိုမှတပါး တတ်မြောက်သည်မရှိတော့။

ထိုသို့သော အနုတ်စုတ်ဂုတ်စုတ်က တော်ဝင်စာမေးပွဲကို ဝင်ဖြေချင်နေသည့်အပြင် မိသားစုဂုဏ်ဆောင်နိုင်ဖို့အတွက် ထိပ်တန်းအဆင့်နှင့်ပင် အောင်မြင်ချင်သေးသည်တဲ့။လုံးဝကို မဖြစ်နိုင်ဖွယ်ရာပင်။လူကြားထဲ ထုတ်ပြောလျှင် လူရယ်စရာအဖြစ်သာ အဆုံးသတ်မည်သာ သေချာလျက်။

ဖန်ယွမ်သည် ယနေ့အတွက် ဆေးကိုမော့ချလိုက်ပြီးနောက် အန်ထွက်လုနီးအောင် ခါးတူးသွား၏။ရွှီရှီသည် အမြန်ပင် သစ်သီးယိုတစ်ခုကို သူ့ပါးစပ်ထဲ အမြန်ခွံ့လာ၏။သူ့မျက်နှာ အနည်းငယ်အဆင်ပြေသွားကြောင်းတွေ့မှသာ ဆက်၍စည်းရုံး ဖျောင်းဖျရဲတော့၏။

''ချီအာ အမေပြောတာကိုကြားလား?တော်ဝင်စာမေးပွဲဆိုတာ ကလေး ကစားစရာမဟုတ်ဘူး! အကြီးဆုံးသခင်လေးက စာပေလေးမျိုး ၊ဂန္ထဝင်လက်ရာငါးခုနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား!သူ့ဉာဏ်ပညာကို သခင်ကြီးကတောင်ချီးကျူးခဲ့သေးတယ်!​ဒါ့ကြောင့် ဒီလိုတွေဖြစ်လာတာပေါ့! သူ့အသက်18မှာ တော်ဝက်စာမေးပွဲကိုအောင်မြင်ပြီး စာပေပညာရှင်ဖြစ်လာခဲ့တယ်!သခင်ကြီး သားအပေါ် အထင်ကြီး သတိထားမိလာအောင် ကြိုးစားချင်နေမှန်း အမေနားလည်ပါတယ်!ဒါပေမဲ့ အခြားနည်းလမ်းပဲ ရှာရအောင်လေ နော်!ဒီတစ်ခါတော့ အမေ့စကားနားထောင်ပါ! ဒါကို ဒီအတိုင်းပဲထားလိုက်ပြီး သားသေချာနေပြန်ကောင်းလာမှပဲ ဆက်ဆွေးနွေးကြရအောင်လေ!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now