ARC 6.11

3.2K 588 27
                                    

ARC 6.11

မျက်စိတစ်မှိတ်တာကာလအတွင်း နွေဦးကိုကျော်လွန်၍ ဆောင်းဦး သို့ပင်ရောက်ရှိခဲ့လေပြီ။ဖန်ယွမ်နှင့် ယန်ကျွေ့တို့သည် ပျော်ပျော်ပါးပါး လှည့်လည်သွားလာရင်း ချောင်ကျိုး သို့ဦးတည်လျက်ခရီးသွားနေစဥ်အတွင်း ဇာတ်ညွှန်းအတိုင်းစီးမျောလျက် နှစ်သက်ဖွယ်အချိန်များကို ကုန်ဆုံးခဲ့ကြသည်။သူလျိုတစ်ယောက်ထံမှ သတင်းအရ ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ မြို့ပြင်သို့ရောက်နေပြီဖြစ်သည်။

ထိုချာတိတ်လေးနှစ်ယောက်နှင့် မတွေ့ရသည်မှာအတော်ကြာပြီဖြစ်သည့်အတွက် ဖန်ယွမ် တကယ်လွမ်းမိသည်။သို့သော် ဤစကားများကို ယန်ကျွေ့သိအောင် ထုတ်ပြောဖို့ရာမဖြစ်။မဟုတ်လျှင် ယန်ကျွေ့သည် ချက်ချင်း ရှာလကာရည်အိုး အသွင်ပြောင်းသွားကာ _သူ၏လူသားမိတ်ဆွေနှစ်ယောက်မဆိုထားဘိ ဘေးအိမ်က လောပန်လီ ၏ခွေးကို သဘောကျသည်ဟုပြောမိပါက နေ့ခင်းတွင်းပင် ခွေးသားဟော့ပေါ့ အဖြစ်ပြောင်းလိုက်မည် ဖြစ်သည်။

ဟုတ်တယ် သူ့စိတ်က တကယ့်ဆိုးဆိုးရွားရွားကိုဖြစ်လာတာ! သူ့နည်းလမ်းတွေကလည်း ရက်စက်ကြမ်းကြုတ်လိုက်တာလွန်ရော!! ဒါပေမဲ့ သူလဲ ဘယ်လိုမှမတတ်နိုင်ဘူးလို့! သူ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြောတုံးက အရှင်ယန်ကျွေ့ရဲ့ စကားတစ်ခွန်းနဲ့တင် နင်သွားရော~

''ယန်ချုံတျန်းရဲ့ ကာရိုက်တာကိုက မူမမှန်တဲ့နှာဘူး လူယုတ်မာကြီးလေ! ဘာ့ကြောင့် ကိုယ့်ကိုကျင့်ဝတ်တွေ သိက္ခာတွေအကြောင်း ပြောဖို့ကြိုးစားနေရတာလဲ ဟမ်?

ဖန်ယွမ် ဆွံ့အသွားကာ စကားတစ်ခွန်းသာပြန်ပြောနိုင်တော့သည်။
''ဟုတ်ပါတယ် အရှင် Main God ! အရှင်မှန်ပါတယ် ဆက်လုပ်ပါ qwq''

နှစ်ယောက်သားသည် လက်ရှိတွင် သီးသန့်အခန်းတစ်ခုအတွင်း နေ့လည်စာစားနေခြင်းဖြစ်သည်။ဖန်ယွမ်သည်ကား ယန်ကျွေ့၏ရင်ခွင်ထဲထည့်လျက်က ကလေးတစ်ယောက်လို ခွံ့ကျွေးနေသည်ကို မခံမရပ်နိုင်စွာ အပြင်းအထန်ရုန်းကန်ပါသော်လည်း ဒါပေါ့ ယန်ကျွေ့က ဘယ်လွှတ်ပေးမလဲ? ယန်ကျွေ့ပြောလိုက်သည်။
''ယွမ်အာ ယွမ်အာလေး ငယ်ငယ်တုံးက တူတောင် ဘယ်လိုကိုင်ရမလဲ မသိဘူးလေ! တျဲတျဲပဲ အမြဲခွံ့ကျွေးခဲ့ရတာကို! အခုမှဘာတွေရှက်နေတာလဲ?''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now