Extra သစ္စာရှိ ကိုယ်ရံတော်လေး - 2

1.6K 117 18
                                    

သစ္စာရှိ ကိုယ်ရံတော်လေး - 2

အဆိပ်က မူလပိုင်ရှင် ကိုယ်ထဲမှ အရှင်း မပျောက်သေးသည့် အတွက် အလွန် အားနည်းနေသေးသည်။ အိပ်ရာထဲမှ ထကာ ဟိုလျှောက် ဒီလျှောက် လုပ်ဖို့ပင် အတော် ရုန်းကန်ရသည်။ ဖန်ယွမ်သည် ကိုယ့်အကြောင်းကိုယ်သိကာ အခန်းထဲ လူမမာလို လှဲနေယုံသာ တတ်နိုင်၏။ System market ထဲတွင် သူ့ကို သက်သာစေနိုင်သော ဖြေဆေးများစွာ ရှိသော်လည်း သူ မသုံးခဲ့ ။ ဒါက သရုပ်ဆောင် တစ်ယောက်ရဲ့ အခြေခံ အကျဆုံး ကျင့်ဝတ်ပဲ !

ခန္ဓာကိုယ် မသက်မသာ ဖြစ်နေသော်လည်း ဖန်ယွမ်သည်တော့ စိတ်ပျော်နေပါ၏။ အကြောင်းရင်းလား ___ ပထမ အချက် --- သူ မစ်ရှင် အတွက် သေလောက်အောင် အလုပ်ကြိုးစားနေစရာ မလိုဘူးလေ ။ နှစ်အချက် --- သူ ထချင်တဲ့ အချိန်မှ ထလို့ရတော့ အိပ်ရေးဝအောင် အိပ်လို့ရတယ်။ သူ့ကို အစာဆို အစာ ၊ ဆေးဆို ဆေး ပြုစု ခစားမယ့် အစေခံ ငယ်ငယ် ချောချော လေးတွေလည်း ရှိသေးတော့ …. ဒီလောက်သာယာတဲ့ ဘဝ ရှိဥ◌ီးမလား 

ပြီးတော့ သူ့ ပိုက်ဆံ တစ်ပြားမှလည်း ပေးစရာ မလိုဘူးလေ… ဘဝ ကြီးက သာယာလိုက်တာ

ဖန်ယွမ်သည် မျက်နှာသေဖြင့် (တကယ်တမ်း အပျော်လွန်နေလျက်) သူ့ကို ဆေး ခွံ့ပေးနေသော ညီမငယ်လေး ကို ကြည့်၍ ပြောလိုက်သည် ။ “ နည်းနည်းလေး ပူနေသေးတယ် “

မိန်းမငယ်လေးသည် အနည်းငယ် မှင်တက် သွားပြီး မျက်နှာလေး နီရဲလာတော့၏။ သူ(မ)သည် ဆေးကို မှုတ်လိုက်ပြီးမှ ဖန်ယွမ်ကို ခွံပေးရန် လုပ်လိုက်သည်တွင် အခန်းတံခါး ရုတ်တရက် ပွင့်သွား၏။
ရုတ်တရက် အသံကြောင့် ဖန်ယွမ် ဆတ်ခနဲ တုန်သွားမိရင်း သူ၏ ကြည်လင်နေသည့် စိတ်ကလေး နှောက်ယှက်ခံလိုက်ရတော့သည် ။ (သူ ဖွန်ကြောင်နေတာ) သူ ခေါင်းလှည့်ကြည့်လိုက်သည်တွင် ဇာတ်လိုက်အရှင်သည်  ခပ်တည်တည် ဝင်လာသည်ကို တွေ့လိုက်ရ၏။

ဖန်ယွမ် တိတ်တဆိတ် တံတွေးမျိုချမိသွား၏ ။စိတ်ထဲ မမည်မသိ မလုံမလဲ အပြစ်မကင်းစိတ်လေး ဆန်တက်လာသည် ။ သို့သော် စက္ကန့်ပိုင်းမျှသာ ။ သူ ဘာမှတောင် မလုပ်ရသေးဘူး ။ ဘာကို ကြောက်ရမှာလဲ !

You've reached the end of published parts.

⏰ Last updated: Nov 27, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now