ယွီခိုင်း၏ MarySue စွန့်စားခန်းများ - ၂

1.7K 259 21
                                    

ယွီခိုင်း၏ MarySue စွန့်စားခန်းများ - ၂

နောက်တစ်နေ့မနက် ယွီခိုင်း မျက်လုံးဖွင့်လိုက်သည်နှင့် သူ့အိပ်ရာဘေး လှပသည့်အစေခံမလေးများ ရာကျော်လောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဤကမ္ဘာ၏ “ ထောင့်ပေါင်းစုံမှ စပရိုက် အပြည့် ဖြစ်နေသော ” ဆက်တင်ကို နေသားကျနေပြီဟု ဆိုနိုင်သည့်တိုင် သူ အတော့်ကို ရှောခ့်ရနေဆဲ ။

မူလဇာတ်ကြောင်းအရ ဤတိုက်ခန်းဟာ သခင်လေးတုန်ဖန် အပြင်တွင် တစ်ယောက်တည်းနေရာ တိုက်ခန်းမျှသာ ။ သို့အတွက် ပုံမှန် သန့်ရှင်းနေ လာလုပ်ပေးသူများမှလွဲလျှင် အခြားသူများ ရှိစရာအကြောင်းမရှိ ။ ဒီလူတွေ ဘယ်ကဘယ်လို ရောက်လာတာလဲကွ !

ရုတ်တရက် ထိုလူအုပ်ကြီးဟာ နှစ်ထက်ခွဲလိုက်ပြီး အလည်တွင် လမ်းကြောင်းဂိတ်ဝတစ်ခု ဖယ်‌လိုက်၏။ ဒေါက် ဒေါက် ...ဒေါက်မြင့်ဖိနပ်သံ နီးကပ်သည့် နည်းတူ တယောသံချိုချိုက ပျံ့လွင့်လာ၏။ ယွီခိုင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ တုန်ယင်သွားတော့၏။ မေးစရာမလိုတော့ မူလပိုင်ရှင်၏ အမေ မဒမ်တုန်ဖန်ပင် ။

“ ခရမ်းရောင် ဆံနွယ်ခွေ ၊ ချိုမြသော အပြုံး ၊ စွဲမက်ဖွယ်လာဗင်ဒါနံ့ သင်းပျံ့သော ကိုယ် ” နှင့်အတူ မဒမ်တုန်ဖန်သည် တယောသံနှင့် စည်းချက်ညီစွာ ယွီခိုင်းဆီ တစ်လှမ်းချင်း တိုးကပ်လာ၏။ သူ(မ)၏ လှုပ်ရှားမှုတိုင်က တော်ဝင်ဆန်တင့်တယ်နေကာ အခြားသူများ၏ အထက်တွင်သာ နေထိုင်ရန် မွေးဖွားလာခဲ့သည့်အလား ။

“ ချစ်လှစွာသော သားလေးရေ ၊ သား အနေနဲ့ အနာဂတ်လက်တွဲဖောါကို ကိုယ်တိုင်ရွေးခွင့်မရှိတဲ့အပေါ် အမေလဲ စိတ်မကောင်းပါဘူးကွယ် ၊ ဒါပေမဲ့ တုန်ဖန်ရဲ့ ဆက်ခံသူအနေနဲ့ မျိုးရိုးမြင့်မိသားစုထဲက လူကိုပဲ သားရွေရမယ် ၊ ဒါ သားလုပ်ကိုလုပ်ရမယ့် တာဝန်ပဲ ၊ ကလေး နားလည်ရဲ့လား ? "
မဒမ် တုန်ဖန်က အလေးအနက် ပြောလာ၏။

ယွီခိုင်းသည် မျက်မှောင်ကြုတ်လျှက် သူ(မ) ပြောပြီးသည်အထိ နားထောင်ပေးလိုက်ရင်း သူ့ကိုယ်သူ တွန်းအားပေးကာ “အင်း” ဟု အသံပြုလိုက်သည်။ သို့သော် စိတ်ထဲတွေးနေမိသည်က _ လီယန်လုံ ဘယ်ပျောက်နေတာလဲ ?

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now