ARC 7.6

3.1K 588 54
                                    

ARC  7.6

ဖန်ယွမ်သည် သူပြောသမျှက ပုံမှန်ဟုထင်နေသော သူ့ရှေ့မှ လိန်းစစ်ယဲ့ကို ကြည့်ရင်းခေါင်းခဲလာတော့သည်။သူသည် အန်ထွက်တော့မည့် သွေးတစ်လုတ်ကိုတိတ်တိတ်လေးပြန်မြိုချလိုက်ရင်း ယုန်ဖြူလေးသရုပ်ကို အတတ်နိုင်ဆုံးထိန်းသိမ်းနေရသည်။

''သာ့ကော'' ဖန်ယွမ်ပြောလိုက်သည်။ ''ကျွန်တော့်အကြောင်းထပ်မတွေးပါနဲ့တော့!! ဟုတ်ပြီလား?''

တစ်နေ့တာမျှ သူ့အကြောင်းတွေးယုံဖြင့် ထိုလူကြီး၏ နှစ်သက်မှုက 27points တိုးသွားသည်။ တကယ်လို့ ဒီကောင်သာ သူ့အကြောင်း တစ်ညလောက်ဆက်တွေးလိုက်ရင် မနက်ဖြန်မိုးလင်းတာနဲ့ ''ချစ်မြတ်နိုးခြင်း'' လယ်ဗယ်ကို ဖွင့်ပြီးသားဖြစ်နေတော့မယ်လို့!!

လိန်းစစ်ယဲ့သည် သူ၏စီးကရက်တိုကိုကာ တိတ်တဆိတ်မီးသတ်နေရင်း သူ၏စကားကြောင့် မျက်မှောင်ကြုံ့သွားသည်။ သူသည်ခေါင်းတစ်ချက်ညိတ်ပြရင်း
''မင်း ကျုပ်ဘေးမှာ အမြဲတမ်းရှိနေရင် ကျုပ်လဲ မင်းအကြောင်း တွေးစရာမလိုတော့ဘူးလေ!''

ဖန်ယွမ်, ''......'' ချီး!!သူ ဒီလိုဆိုလိုချင်တာမဟုတ်ဘူးလေ!!

မျှော်လင့်ချက်ပျက်သုန်းသွားသည့်ပုံစံဖြစ်နေသည့် ဖန်ယွမ်၏ မျက်နှာကို မြင်လိုက်ရသည့်အခါ သူနှင့်တစ်ခုခုပတ်သတ်နေမှန်းသိသော်လည်း လိန်းစစ်ယဲ့  ဘာကြောင့်လဲအဖြေရှာမရ။သို့အတွက် သူစကားလမ်းကြောင်းလွှဲလိုက်သည်။
''လှည့်ကွက်လေး သိချင်သေးလား?''

ရှုပ်ထွေးစိတ်ညစ်နေသည့် ခံစားချက်များကို ဘေးသို့ပို့လိုက်ပြီး ဖန်ယွမ်၏မျက်လုံးလေးများ တဖျပ်ဖျပ်လက်လာ၏။ သူသည် လိန်းစစ်ယဲ့၏ဘေး မသိမသာလေးတိုးကပ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

လိန်းစစ်ယဲ့သည် သူ၏လက်မောင်းဖြင့် ဖန်ယွမ်၏ပခုံးကို သိုင်းဖက်လိုက်ရင်း အလေးအနက်ပုံစံနှင့်ပြောလိုက်သည်။
''အချို့မိဘတွေက သူတို့ကလေးအရပ်ရှည်အောင်လို့ဆိုပြီး ငယ်ငယ်တုံးကခန္ဓာကိုယ်ကိုဆွဲဆန့်ပေးကြတယ်တဲ့! မင်းကြားဖူးတယ်မလား?''

ဖန်ယွမ် ခေါင်းညိတ်ပြသည်ကိုတွေ့ရသည့်အခါ သူဆက်ပြောလာသည်။
''အဲ့လိုပဲကွာ!မင်းလဲ မင်းရဲ့ငှက်လေးကို ဆွဲဆန့်ပေးရင် ရှည်လာလိမ့်မယ်!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now