ARC 1-9(Final)

15.4K 1.8K 163
                                    

Arc1-9(FINAL)

"မီတာ တစ်ရာကျော်ကို တစ်စက္ကန့်လောက်အတွင်း ခုန်ကျော်သွားတယ်??ဘာကြီးလဲဟ??''

ကျင့်ကြံခြင်းလောက ဆိုရင်တော့....ဒီလိုအနေအထားမျိုးက လူတိုင်းလုပ်နိုင်တယ်လေ......ဘာပဲ ဖြစ်ဖြစ် မသေမျိုး အမတ အရှင်တွေတောင်ဖြစ်လာမှတော့ မလုပ်နိုင်တာ ဘာများရှိတော့မလဲ??
ဒါမှမဟုတ်.... ကြယ်စင်စုခုန်ကျော်ခြင်း စနစ်တပ်ဆင်ပြီးတဲ့.....အနာဂါတ် ကမ္ဘာတွေမှာ ဆိုရင်လဲ.....ဒီအခြေအနေက မထူးဆန်းပါဘူး.....
အဆင့်မြင့်နည်းပညာတွေဆို... အကန့်အသတ်မဲ့ စွမ်းဆောင်ရည်တွေကို ဖန်တီးနိုင်တယ်လေ......

အဓိက ပြောချင်တဲ့အချက်က.......အခုလက်ရှိက......မျက်မှောက်ကာလ ကိုအခြေ ခံထားတဲ့.... စိတ်ကူးယဥ် Mary-Sueဇာတ်လမ်း မဟုတ်ဘူးလား??...တယ်လီပို့....ဆိုတာကြီးကို သာမာန်လူတွေ လုပ်နိုင်ပါ့မလား??

ဖန်ယွမ် စိုးရိမ်လွန်း၍ ရင်တဒိတ်ဒိတ်ခုန်လာတော့သည်။

သူသည် အေးစက်နေပုံရသည့် အရှင် ဇာတ်လိုက်(တာ့ရန်) ကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ကုချီသည် မူလအတိုင်း ခံ့ညားသော အသွင်အပြင်နှင့် လုပ်ဆောင်မှုများက ညင်သာနူးညံ့နေဆဲ........သို့သော် အကြောင်းရင်းတစ်ချို့ကြောင့်....သူပုံစံက တစ်ယောက်တစ်ယောက်ကို အေးခဲကြောက်ရွံ့သွားစေသည်။ဖန်ယွမ်....တံတွေးမျိုချလိုက်ကာ....ဒါက သူ့အထင်သက်သက် ဖြစ်မှာပါဟု....ကိုယ့်ကိုကိုယ်အားပေးလိုက်သည်။

"ရှောင်ဝူ.....Systemက အမှားလုပ်မိတာရော မဖြစ်နိုင်ဘူးလား??ဇာတ်လိုက်ပုံစံကြည့်ရတာ ပုံမှန်ပါပဲ......သူက မူမမှန်ဘူး ဆိုရင်.....မင်းက ဘာလို့ သတိမထားမိရတာလဲ??''

"ဒင်..system ရဲ့ Error ဖြစ်နိုင်စွမ်းက zeroပါ......ဇာတ်လိုက်ကို Scan ဖတ်ထားပေမဲ့....ဘာမူမမှန်မှု ကိုမှ မတွေ့ရှိခဲ့ပါဘူး.....သွင်ပြင်ရှုထောင့်အားလုံးက မူလပိုင်ရှင်နဲ့ လုံးဝ ကွက်တိပါပဲ.......အပြင်လူတစ်ယောက်ဆို...ဒီလောက် ပြီးပြည့်စုံအောင် သဏ္ဍန်လုပ်နိုင်မှာ မဟုတ်ပါဘူး........ဒီဖြစ်နိုင်ခြေကို ဖယ်ထုတ်ထားရင်တောင်.....ဇာတ်လိုက် ဘာလို့ မူမမှန် ဖြစ်ရလဲဆိုတာကျွန်တော်တို့လဲ ရှင်းမပြတတ်တော့ပါဘူး..''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now