ARC 5.8

4.2K 719 29
                                    

ARC 5.8

သူ၏ရှေ့မှ ဇာတ်လိုက်သည် နုံအရိုးစင်းသော မျက်နှာထားလေးဖြင့်ရှိနေသော်လည်း သူ၏ဘေးရှိ မစ္စယွမ်၏ အမူအရာမှာ ပျက်ယွင်းသွားသည်။အခြားတစ်ဖက်တွင် ထိပ်ပြောင်ဒေါက်တာကျောင်း နှင့် သူ၏နောက်ရှိသူနာပြုဆရာမ တစ်သိုက်သည် လေအေးများကို ပင့်သက်ရှိုက်လ်ိုက်ကြသည်။ ဖန်ယွမ်မေးခွန်းတစ်ခုသာ မေးလိုက်ချင်မိတော့သည်။

''ချီးလိုပဲ သောက်ကျိုးနည်း ဘယ်ကောင်ငါ့ကိုလာကစားနေတာလဲကွ?! (╯‵□′)╯︵┻━┻ 

မည်သူမျှ သူ့ကိုပြန်မဖြေပေးနိုင် ကြ။ဝါ့ဒ် ထဲ့မှလေထုသည် တိတ်ဆိတ်ကာချောက်ချားဖွယ်ကောင်းလာတော့သည်။

ဖန်ယွမ်၏ စိတ်ထဲမှ အင်ဂျင်သည် စတင်ပြန်လည်ပတ်လာ၏။ ဇာတ်ညွှန်းအရ မူလပိုင်ရှင်၏ နှလုံးသားသည် ယခုအချိန်တွင်ဇာတ်လိုက်အပေါ် မလှုပ်ရှားသေး။အလွန်ဆုံးမှ သနားဂရုဏာသက်နေယုံသာ။ သို့အတွက်ဖန်ယွမ် စိတ်ပူစရာသိပ်မလိုတော့။သူ သည်ယွမ်စုန့်ကို သာမန်လူနာတစ်ဦး ဟုယူဆ၍သာ ဆက်ဆံနိုင်သည်။ကလေးဆန်သည့် လူနာတစ်ဦး၏ တုံးအသည့် ''ဝန်ခံချက်'' ကိုသူသည်အသာလေးကျော်သွားကာ တစ်ချိန်ထဲမှာပင် ကို့ယို့ကားယားအခြေအနေကို ပြန်လည်ဖြေရှင်းလိမ့်မည်ဖြစ်သည်။

အဲ့လို စဥ်းစားလိုက်တော့လဲ အရာအားလုံးကလွယ်ကူ ရိုးရှင်းနေသလို.....ငါ့ဖင်ကြီးကိုပဲ ရိုးရှင်းနေလိုက်!!?

သူ၏ ရှေ့မှ အသက်20 အရွယ်ကောင်လေးသည် ဘဝတစ်ခုစာရှင်သန်ပြီးပြီ ဖြစ်ကြောင်းသူကောင်းကောင်းသိသည်။ ဟိုးအစက နေမင်းကြီးလို ကြည်သာရွှင်ပြဖော်ရွေသော ကောင်ငယ်လေး ပျောက်ဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီ။ လက်ရှိတွင် ဆိုးရွားသည့် အတွေးများသိုလှောင်ထားသော လူတစ်ယောက်ဖြစ်နေလေပြီ။ သူ ဒီလိုမျိုး ဝမ်းတွင်းမည်း ကြာပန်းဖြူလေးတွေကို အကြောက်ဆုံးဆိုတာ ဘုရားပဲသိလိမ့်မယ်!!!

ထို့အပြင် ယနေ့ပြသနာသည် အစသာရှိသေးကြောင်း သူအသေအချာနားလည်နေသေးသည်။မကြာခင် ဒီ့ထက်ပိုဆိုးတာတွေလာတော့မယ်!!!

ဖန်ယွမ် သည်တခဏတာ ကြောင်အ မင်သက် နေပြီးမှ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်။ ကူရာမဲ့သည့် အပြုံးလေးချိတ်ဆွဲရင်း ခေါင်းကိုယမ်းကာ ပြောလိုက်၏။
''မင်းကတော့ကွာ အသက်ဖြင့်20 ရှိနေပြီကို ကလေးဆန်တဲ့ စကားတွေပြောနေတုံး!! လူတွေအများကြီးရှိနေတာကို မင်းကိုရယ်ကြမှာမကြောက်ဘူးလား ဟမ်??!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now