ARC 6.3

3.6K 677 45
                                    

ARC 6.3

တစ်စုံတစ်ယောက် တံခါးလာခေါက်သည့်အသံကို ကြားလိုက်ရသည့်အချိန် ဖန်ယွမ်သည်အိပ်ချင်မူးတူးဖြင့် ရီဝေဝေဖြစ်နေဆဲဖြစ်သည်။ ပြောစရာမလိုပါ။ ရောင်းရင်းကောင်း (သို့) ညီလေးရှောင် သူ့ကိုလာရှာပဲဖြစ်ရမည်။

မျက်လုံးကို ဖြည်းညင်းစွာဖွင့်ဟလိုက်သည့်အချိန် တစ်ခန်းလုံးမှောင်မဲနေသည်ကို တွေ့လိုက်ရသည်။ကြည့်ရတာ သူတော်တော်ကြာအောင် အိပ်ပျော်သွားသည့်ပုံရသည်။အပြင်မှာ ဘယ်အချိန်မှောင်သွားသည်ကိုပင် သူ မသိခဲ့။ စိတ်ထဲမှ အားမလိုအားမရဖြစ်မှုများကို အဝေးသို့မောင်းထုတ်လိုက်ပြီး အိပ်ရာပေါ်မှဆင်းကာ ဖယောင်းတိုင်မီးညှိလိုက်ပြီးနောက် တံခါးဝဆီလျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။

တံခါးအပြင်ဘက်တွင် ရှောင်ကျစ်ယွင်သည် ခရမ်းနုရောင်ဝတ်စုံနှင့် မတ်တပ်ရပ်နေ၏။သူ(မ) တံခါးခေါက်လိုက်သည့်အချိန် အတွင်းဘက်မှ မည်သည့်အသံမှမကြားရသည့်အတွက် ထပ်ခေါက်ရန်ကြံလိုက်သည်။သို့သော် အခန်းထဲမှမီးရောင်ကိုတွေ့လိုက်ရသည့်အတွက် သူ၏လက်ကိုပြန်ရုတ်လိုက်ပြီး စိတ်ရှည်စွာစောင့်နေလိုက်သည်။

ခဏကြာပြီးနောက် တံခါးပွင့်လာပြီး အိပ်ချင်မူးတူးရုပ်နှင့် ဖန်ယွမ်ပေါ်လာ၏။သူ၏မျက်ဝန်းများသည် ရီဝေဝေဖြစ်နေဆဲဖြစ်ကာ အသံကလည်း အနည်းငယ်တိုး၍အက်ရှနေ၏။
''ရှောင်တိ အောက်ထပ်မှာပဲ ခဏစောင့်နေပေးဟုတ်ပြီလား? ပြင်ဆင်ပြီးရင် ဆင်းလာခဲ့မယ်!''

မူလပိုင်ရှင်၏ ရုပ်ရည်သည် သူမတူအောင် လှလွန်းကာ ဇာတ်လိုက်နှင့်ဇာတ်လိုက်မအောက် မလျော့ပါပေ။ဇာတ်လိုက်၏ ဝမ်းတွင်ပါ အပူအပင်ကင်းမဲ့သောစရိုက် (သို့) အမြဲတစေ မပျောက်မပျက်သော ဆွဲဆောင်အားကို မယှဥ်သာသော်ငြား ဖန်ယွမ်၏မျက်နှာသည် စကားလုံးနှင့်ဖော်ပြခြင်းငှာ မစွမ်းသာသောညှို့ဓာတ်ကို ပိုင်ဆိုင်ပေ၏။အပြုံးလေးတစ်ပွင့်ကပင် နှိုင်းရက်စရာမရှိအောင် ဆွဲဆောင်မှုရှိလှသော်လည်း ဇာတ်လိုက်မ၏သိမ်မွေ့သောအလှတရားလိုလည်း မဟုတ်ပါ။အတိုချုံးရသော် သူသည် အတော့်ကို ညှို့အားပြင်းလှ၏။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now