ARC 7.8

3K 604 33
                                    

ARC 7.8

ဇာတ်လိုက်တစ်ယောက် သူ့ရှေ့ရပ်ကာ ချစ်ရိပ်လွှမ်းနေသော မျက်ဝန်းတစ်စုံနှင့် ကြည့်လာသည့်အခါ ဖန်ယွမ်တစ်ယောက် မိုးပြိုကျသလို ခံစားလိုက်ရသည်။ဇာတ်လိုက်မ သူ့မောင်ရဲ့ ''ပြစ်မှုကြီးတွေ'' ကို လူရှေ့ချပြဖို့စိတ်အားထက်သန်လွန်းနေတာ အံ့သြစရာမရှိတော့ဘူး _သူမက သူရဲ့စိတ်အခြေအနေကို သတိထားမိလို့နေမှာ!

မနေ့ညက လေးတင်မှ သူတို့သိကြတာလေ! တစ်ညထဲနဲ့ ဟန်လန် ဘယ်လိုလုပ်ပြီး နှစ်သက်မှုတွေ ဒီလောက်တိုးသွားရတာလဲလို့?!သို့ပေသိ ဇစ်မြစ်လိုက်ဖို့ ဖန်ယွမ်ပျင်းရိနေသည်။ဘာပဲဖြစ်ဖြစ် သာမန်အကြောင်းပြချက်မျိုးတော့ ဖြစ်မှာမဟုတ်ဘူး! အိပ်ရာထဲလှဲနေရင်း တစ်ညလုံး ဖန်ယွမ်အကြောင်းတွေးမိပြီး မိုးလင်းတာနဲ့ သူ့နှလုံးသားက သူ့အပေါ်ကျရှုံးခဲ့ပြီးမှန်း နားလည်သွားတယ်လို့ ဟန်လန် ပြောလာမှာကို သူ မကြားချင်ပါဘူးနော်!

လိန်းစစ်ယဲ့ နဲ့တစ်ခါကြုံဖူးပြီးသွားပြီဆိုတော့ ဟန်လန်ဆီကနေလဲ အဲ့လိုရူးကြောင်ကြောင်စကား ထွက်လာမှာက မဖြစ်နိုင်တာတော့မဟုတ်ဘူး!ကြည့်ရတာ plot- kun လဲ ဒီဇာတ်ညွှန်းကို လက်လျှော့လိုက်ပြီထင်ပါရဲ့! မဟုတ်ရင် ဒီလို ခွေးသွေးဆန်ဆန် ဖြစ်လာမှာကို သူဘယ်ခွင့်ပြုပါ့မလဲ? တာဝန်က စတောင်မစသေးခင် ပြီးသွားပြီလားဟင်?

တာဝန် ပြီးမြောက်စေရန်ဟူသော ဝန်ထုပ်ဝန်ပိုးကြီးကိုသယ်ဆောင်ရင်း ဆိုးရွားရက်စက်လွန်းသည့် ကိစ္စရပ်များကို သူဘယ်လောက်တောင် သည်းခံခဲ့ရမှန်း မှတ်မိသေးသည်။ပထမဆုံး ဇာတ်လိုက်မထံမှ ရင်ဘက်ကို ကန်ခြင်းခံရသည်။ထို့နောက် ဒဏ်ရာဗရပွ ခန္ဓာကိုယ်ကို တရွတ်ဆွဲ၍ တစ်နေ့ခင်းလုံး ဇွန်ဘီအပြည့်မြို့ထဲ ပြေးလွှားနေခဲ့ရသေးသည်။ နောက်ဆုံး လိန်းစစ်ယဲ့ထံမှ စိတ်ဒုက္ခပေးခြင်းအကြိမ်ကြိမ်ခံရသည့်အပြင် ဖုန်းကျယ်ကလဲ သူ၏ဒူးခေါင်းကို ဆိုးဆိုးရွားရွားဒဏ်ရာရစေပြန်သည်။ သူ့ရှေ့က ဒီလူသုံးယောက်ဆီက အကြိမ်ကြိမ်အသားယူခံလိုက်ရတာကို ပြောမနေနဲ့တော့!

ဒီလိုမျိုး အရှုံးပေးလိုက်ရမှာက တကယ့်ကို စိတ်တိုစရာပဲ!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now