ARC 2.8

9.7K 1.6K 130
                                    

ARC 2.8

အရှင်သခင် ဇာတ်လိုက်ကတော့ ဇာတ်လိုက်မနဲ့ ဆက်ဆံရေးတိုးတက်အောင်လုပ်ဖို့ သွားလေပြီ။ဖန်ယွမ် လဲ အေးအေးသက်သာနှင့် ဇာတ်ကြောင်းအတိုင်း လိုက်လုပ်ရပေတော့မည်။

မူလဇာတ်ကြောင်းထဲတွင် မည်သည့်Barကို သွားကြောင်း သေချာစွာ မပါရှိသည့်အတွက်....ဖန်ယွမ်သည် ဖန်းရွှီ၏အိမ်နှင့် အနီးဆုံးဖြစ်သော Barကိုသာ ရွေးချယ်လိုက်သည်။မဟုတ်လို့ရှိရင်...သူအဲ့လို အနေအထားကြီးနဲ့ သူ့အိမ်ကို ဘယ်လိုသွားပြီး ဘယ်လို ဖွင့်ဟဝင်ခံလို့ရတော့မလဲ??အရက်သောက်ပြီး ကားမောင်းမယ်??ဒါပေါ့...လုံးဝကို အဲ့လိုမလုပ်နိုင်ဘူး။သူက တကယ့်ကို စည်းကမ်းလိုက်နာတဲ့ နိုင်ငံကြီးသား ပီသတဲ့လူပါနော်။

သူBarသို့ရောက်ရှိသည့်အခါ အလင်းရောင်များကြောင့် သူ့မျက်လုံးများပင် ရီဝေကျိမ်းစပ်သွားသည်။သီချင်းသံက သိပ်ကျယ်မနေတာကိုဘဲ ကျေးဇူးတင်မိသည်။သူသည် လူရှင်းသည့် ထောင့်တစ်နေရာကို ရှာလိုက်ရင်း Vodkaနှစ်ပုလင်း မှာလိုက်ကာ သူလုပ်ရမည့်အပိုင်းကို စလိုက်သည်။သူနိုင်ငံခြား အရက်သောက်သည်ဆိုတာက ကြုံတောင့်ကြုံခဲ ဖြစ်သည်။ဘာပဲ ဖြစ်ဖြစ် တာဝန်ထမ်းဆောင်နေတဲ့အတောအတွင်း အရက်မမူးအောင်နေဖို့လိုတယ်လေ။အရက်မူးနေရင် ပြသနာတက်ဖို့ကအလွယ်လေး...ဘာပဲ ဖြစ်ဖြစ်ကွာ ဇာတ်ကြောင်းကိုနှောင့်နှေးစေတာကလဲ ကောင်းတဲ့အရာမှ မဟုတ်တာ။

ဒါပေမဲ့ သူတစ်ခါတုန်းက ယစ်ထုပ် ကြီးအနေနဲ့ သရုပ်ဆောင်ရသေးတယ်....အဲ့တုန်းကဆို 130-proof *ရှောင်တောင်ကျီ ပုလင်းဝက်ကျော်လောက်ကို တစ်ခါထဲ လောင်းထည့်လိုက်ရတာ။သူ့လည်ချောင်းတစ်ခုလုံး မီးလောင်သွားသလိုဘဲ...မနည်းမျိုချလိုက်ရတယ်။ဒါပေမဲ့ သူ အဆုံးထိ မူးတယ်လို့ မခံစားရဘဲနဲ့ သူ့တာဝန်ကို အဆုံးထိ ချောချောမွေ့မွေ့ ပြီးအောင် လုပ်လိုက်နိုင်သေးတယ်။ကြည့်ရတာ သူက ''ခွက်ပေါင်းတစ်ထောင်လောက် သောက်လဲ မမူးသူ''ဖြစ်မယ်ထင်တယ်။အဲ့ချိန်တုန်းက သူ့မှာ အဲဒါကြောင့် ဂုဏ်ယူလိုက်ရတာဆိုတာ ပြောမနေနဲ့တော့။

*မီးတောက်ဓားသွား လို့အမည်ရတဲ့ ပြည်တွင်းဖြစ်အရက်ပါတဲ့

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now