ARC 3.4

9.2K 1.4K 108
                                    

ARC 3.4

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်တာ ကုန်လွန်ခဲ့ချေပြီ။နွေရာသီကို ကျော်လွန်၍ ဆောင်းအချိန်အခါသို့ ရောက်ခဲ့ပြီ။မင်းသား၏အိမ်တော်မှ ကမ္ပည်း ကျောက်ပြားသည်လဲ သွမ့်ချင်းဝမ်၏ တော်ဝင်အိမ်တော်...ဟူသော စာသားရေးထိုးထားသည့် ကြီးမားသည့် ရွှေပေလွှာ ဖြစ်လာကာ...နေရောင်အောက်တွင် ရွှေရောင် တလက်လက် တောက်ပနေ၏။

ဖိန်ချီသည်...အခြားသောမင်းသားအားလုံးထက် သာလွန်၍...အိမ်ရှေ့စံရာထူးအောက် တစ်ဆင့်သာနိမ့်သော... ချင်းဝမ် အဖြစ် ရာထူးခံ့အပ်ခံလိုက်ရသည်။နန်းတွင်းတွင် သူ၏ နေရာသည် ပို၍ခိုင်မြဲလာကာ သဘာဝကျစွာပင် အိမ်ရှေ့စံမင်းသားအတွက် ဆူးငြောင့်ခလုတ် ဖြစ်လာခဲ့၏။အိမ်ရှေ့စံ မင်းသားသည် ဖိန်ချီအား လျင်မြန်စွာ ရှင်းပစ်၍ မရသည့်အတွက် အလွန်တရာမုန်းတီးနေ၏။

သို့သော် ဇာတ်လိုက်သည် ဇာတ်လိုက်သာဖြစ်၏။ဇာတ်လိုက်ရောင်ဝါ သည် သဘာဝကျစွာပင် ကောင်းကင်ဘုံကိုတောင် လွန်ဆန်နေပါပေ၏။မည်သည့်လုပ်ကြံမှုမျိုးဖြစ်နေပါစေ.... ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထားတွေ မည်မျှပင်ရှိနေပါစေ... မြူစွယ်ဖျားယောင်း သူများ...မည်မျှပင် ပို့လွှတ်ခဲ့ပါစေ...လုံးဝ အသုံးမဝင်ဖြစ်ခဲ့ရသည်။အိမ်ရှေ့စံမင်းသား သုံးသည့် လှည့်ကွက်မှန်သမျှအားလုံး အလဟဿ ဖြစ်သွားတာချည်းပင် ဖြစ်သည်။*ဖွတ်မရ ဓားမပါဆုံးသော အိမ်ရှေ့စံ မင်းသားသည် အရှင်မင်းကြီး၏ ရွှေပေါင်လုံးကို မြဲမြံစွာ ဖက်တွယ်ရင်း သူ၏အင်အားအကြောင်း ကြွားလုံးထုတ်ရန်သာ တတ်နိုင်တော့သည်။

*'ဇနီးမယားကို ရန်သူ့ဆီ ပေးလိုက်ရတဲ့အပြင် စစ်သားတွေပါဆုံးရှုံးသွားတယ်' မူရင်းကအဲ့လိုပါ...အဓိပ်ပါယျတူတူပဲမို့ မြန်မာစကားပုံသုံးလိုက်တာပါ...

သူ့မျက်စိရှေ့တွင် ဇာတ်ကြောင်းသည် ချောချောမွေ့မွေ့ ဆက်သွားနေသောမလဲ ဖန်ယွမ် စိတ်မအေးနိုင်သေးပေ။ဤအရာသည် အရင်ကမ္ဘာမှ ရခဲ့သော သင်ခန်းစာဖြစ်၏။တစ်ဖက်တွင် သူသည် အိမ်ရှေ့စံမင်းသား ဘက်မှ လှုပ်ရှားမှုများကို စောင့်ကြည့်ပေးရကာ..ဇာတ်လိုက်ကို မည်သို့တန်ပြန်တိုက်စစ်ဆင်သင့်ကြောင်း အကြံဉာဏ်များပေးရသည်။အခြားတစ်ဖက်တွင်လဲ သူ့အဖေ၏ရှေ့တွင် ''ဆွန်းဇူ သင်ပြထားသော သင်ခန်းစာအမှား''အတိုင်း သရုပ်ဆောင်ရသည်။
*ဆွန်းဇူ ဆိုတာ ''Art of War''ကိုရေးတဲ့စာရေးဆရာပါ..အဲ့စာအုပ်ရဲ့ အဓိကသင်ခန်းစာက စစ်ပွဲဆိုတာ လှည့်စားခြင်းပရိယာယ်အပေါ် အခြေခံထားတာတဲ့

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now