ရင်းမြစ်ကမ္ဘာသို့ ခြေရာကောက်ကြောင်း 6 (Final)

3.4K 413 31
                                    

Chapter 106 (Final)

တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများအတွင်း နေ့လည်စာထမင်းဘူးကို(သေခြင်းကို) အကြိမ်များစွာ ရရှိခဲ့ဖူးပြီးဖြစ်သော်လည်း လက်ရှိအခြေအနေက ကျည်ဆန်များနှင့် ဆန်ကာပေါက်ဖြစ်သည်အထိ အပစ်ခံရမည်ဖြစ်ရာ အခြေခံအားဖြင့် ကွာခြားပါ၏။ ထောင့်ပေါင်းစုံ၊ဘက်ပေါက်စုံမှ သူ့ကို သေနတ်နှင့် ချိန်ထားကြသည်ကိုကြည့်ရင်း ဖန်ယွမ်၏ခြေထောက်တို့ သစ္စာဖောက်ကာ ဂျယ်လီလို ပျော့ခွေ့သွားတော့မလို။

တကယ်လည်း ယန်ကျွေ့ထွက်လာအောင်ဖိအားပေးဖို့ သူ စစ်မြေပြင်ဆီလာခဲ့ခြင်းဖြစ်သော်လည်း မျက်နှာလေးပြယုံဖြင့် ယန်ကျွေ့တစ်ယောက် ရောက်လာမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ လီယန်လုံက ဤလောက်တောင် မယုံကြည်စရာကောင်းလိမ့်မည်ဟု ထင်မထားခဲ့။သူ့ကို တကယ်ကြီး တစ်ယောက်ထဲ ထားခဲ့သည်။ယန်ကျွေ့သာ သူ့ကို အချိန်မီ မကယ်နိုင်လျှင် သူ့ဘဝ တကယ်ဇာတ်သိမ်းပြီ။

သူ မေးလိုက်သည်။ '' ရှောင်ဝူရေ ၊ ရှောင်ဝူ မင်းရော အခြေအနေ ဘယ့်နှယ့်လဲ? မင်းမှာ အကြံလေးဘာလေးများ ရှိလားကွာ? ''

'' System စUpdateမြှင့်လိုက်ပြီဆိုတာနဲ့ ရပ်လို့မရပါဘူး ၊ ဒါပေမဲ့ သခင့်မှာ အခု အဲ့လောက်စွမ်းအားတွေ ပြည့်ဝနေတဲ့ အစစ်အမှန်ခန္ဓာကိုယ် ရှိနေပြီလေ၊ ရှောင်ဝူ မကူညီနိုင်ရင်တောင် သခင့်ကိုယ့်ခွန်အားကိုယ် မှီခိုပြီး နည်းနည်းလောက် ရုန်းကန်လို့ရပါသေးတယ် ''

'' နည်းနည်းလောက် ရုန်းကန်လို့ရသေးတယ်......'' ဖန်ယွမ်သည် လှောင်ပြုံးပြုံးလိုက်ရင်း '' ဆိုလိုတာက ဒီတစ်ကြိမ်တော့ ငါက အလောင်းကောင်ဖြစ်ပြီလို့လား ဟမ် ''

'' လက်ရှိ ဝိုင်းထားတဲ့ လူအင်အားနဲ့ လက်နက်အင်အားအရ ပြင်ပ ထပ်တိုး တိုက်ခိုက်မှုကို ထည့်မတွက်ဘဲ ထားလိုက်ရင် သခင့်ရဲ့ ရှင်သန်နိုင်ခြေက 0.1% ထက်တောင် နည်းပါတယ်၊ အတတ်နိုင်ဆုံးသာ ရုန်းကန်ရှင်သန်ပါ၊ ဒါပေမဲ့ ရှင်သန်နိုင်ခြေက သခင့်ကိုယ်ပိုင်စွမ်းရည်ပေါ် မူတည်ပြီး တွက်ချက်ထားတာ မဟုတ်ပါဘူး၊ ဒါ့ကြောင့်မို့လို့ သခင့် စွမ်းရည်အပေါ် မူတည်ပြီး ရှင်သန်နိုင်ခြေ မြင့်သွားပါလိမ့်မယ် ''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now