ARC 4.10

5.1K 868 55
                                    

ARC 4.10

မိစ္ဆာအရှင် ဟုန်ဝူ တစ်ယောက် ဝမ်ယုံ တောင်တွင် ပြသနာလာရှာသည့်နေ့တွင် မျိုးဆက်သစ်ကျင့်ကြံသူလေးများ အထိအခိုက်များခဲ့သည့်အတွက် ထိုနေ့မှစ၍ ဂိုဏ်းသုံးဂိုဏ်းတွင် သက်ဝင်တက်ကြွမှု တို့ပျောက်ဆုံးကုန်၏။ချစ်ကြည်ရေးပြိုင်ပွဲအား နောက်နှစ်အထိ ရွှေ့ဆိုင်းထားလိုက်ရတော့သည်။

ရွှီမော့ယန် နှင့်ပတ်သတ်သည့်ကိစ္စများကိုတော့ ထာဝရရှင်သန်သူ ရှောင်ရှန်က မည်သို့ရှင်းပြလိုက်သည်မသိ__သက်ဝင်လှုပ်ရှားBug ကောင်ကြီးအား__မည်သူမျှ သံသယမဝင်ကြသလို မေးခွန်းလဲမထုတ်ကြ။သူက အံဖွယ်ပုဂ္ဂိုလ်တစ်ပါးအလား ရိုသေလေးစားခြင်းအပြည့်နှင့်ပင် ကြည့်ကြ၏။

ဖန်ယွမ် သိချင်စိတ်ပြင်းပြစွာ ဖြစ်လာသည့်အတွက် မနေနိုင်တော့ဘဲ ဂိုဏ်းချုပ် အားရှာကာမေးလိုက်သည်။

ထာဝရရှင်သန်သူ ရှောင်ရှန် သည်မုတ်ဆိတ်မွှေးကို ပွတ်သတ်လိုက်ရင်း ကလိမ်ကကျစ် အရိပ်အ​ယောင်လေးပါသည့် အပြုံးတစ်ပွင့် ပြုံးလာ၏။ဖန်ယွမ်၏ မျက်လုံးထဲတွင်တော့ ထိုအပြုံးကထင်ရှားနေသည်။သူပြောလာသည်ကိုသာ ကြားလိုက်ရသည်။
''ဒီကိစ္စလောက်က ဖြေရှင်းဖို့အရမ်းလွယ်ပါတယ်၊ 18နှစ်နဲ့ အတိဒုက္ခကပ်ဘေး ဖြတ်ကျော်လုနီး အဆင့်ရောက်အောင် လေ့ကျင့်နိုင်တယ်ဆိုရင် သံသယဝင်ကြမှာက အသေအချာပဲလေ။ဒါပေမဲ့ တည်ထောင်သူဘိုးဘေး ရွှမ်တျန်း........မဟုတ်ဘူး အဲ့ပါရမီရှင် ရွှီမော့ယန် သူ့အသက်ကို 318 နှစ်အဖြစ်ပြောင်းလိုက်ရင်တော့ ဘယ်သူကဘာပြောနိုင်တော့မလဲ??''

ဖန်ယွမ် မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။
''ဒီနှစ်,နှစ်တာကာလအတွင်း ရွှီမော့ယန်က သူ့မျက်နှာကို အပြင်မှာပြပြီးသားလေ။သူက ဒီလူလက်ခံထားတဲ့ တပည့်လေးဆိုတာ လူတိုင်းသိနေကြတဲ့ဟာ။ဒါက သိပ်ယုတ္တိမရှိလွန်းရာ ကျမနေဘူးလား??''

ထာဝရရှင်သန်သူ ရှောင်ရှန်သည်လက်ကိုဝှေ့ယမ်းလာရင်း ရှင်းပြလာသည်။
''အမတ သခင်လော့ရှားက ဘယ်တုန်းကမှ တပည့် လက်မခံခဲ့မှန်း ရွှမ်တျန်းဂိုဏ်းက လူတိုင်းအသိ။ ရုတ်တရက် မင်းက သူတောင်းစားလေး တစ်ယောက်ကို တပည့်အဖြစ်လက်ခံလိုက်တယ်လေ။နောက်ကွယ်က အကြောင်းရင်းကို လူတိုင်းထင်ကြေးပေးနေခဲ့ကြတာ။အခုတော့ အကြောင်းပြချက်က ရှင်းလင်းသွားပြီ!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now