Chapter 1088

379 44 3
                                    

စာစဉ် 73 Chapter 1088 သေလျင်တောင်မှ

ထန်ယွင်အာနှင့် အခြားသူများ ထွက်သွားပြီးနောက် ဖျင်ယန်းတောင် အိမ်ရာဝန်းအား လွှမ်းခြုံထားသည့် တစ္ဆေဝိညာဉ်များ ပျောက်ကွယ်သွားပြီး ပူပြင်းသော ယန်စွမ်းအင်များ လွှမ်းခြုံလာ၏။ တောင်ပေါ်၌ ယန်စွမ်းအင်များက အလျှံပယ် ဖြစ်လာကာ ဖျင်အန်းမြို့၏ ယန်စွမ်းအင် စုစည်းမှုထက် ဆယ်ဆမက ဖြစ်လာ၏။
ထိုသည်သာမ များပြားသော ယန်စွမ်းအင်များ၏ အားဖြည့်မှုကြောင့် ဘေးပတ်ဝန်းကျင်မှ သစ်ပင်များ အရှိန်အဟုန်ဖြင့် ရှင်သန် ကြီးထွားလာသည်။
ကြီးမားသော သစ်ပင်ကြီးများက အိမ်ရာဝင်းတစ်ခုလုံးကို ဖုံးအုပ်လာသဖြင့် သက်တမ်းရင့် တောအုပ်သဖွယ် ဖြစ်လာလေသည်။ မက်မွန်ပန်းများကလည်း အစွမ်းကုန် ဖူးပွင့်နေသဖြင့် အိမ်ရာသည် နတ်ဘုံအလား လှပလာသည်။
နာရီပိုင်းအတွင်းမှာပင် အိမ်ရာပတ်လည်မှ ပတ်ဝန်းကျင်တစ်ခုလုံး အပြောင်းလဲကြီး ပြောင်းလဲကာ ရှေးတောအုပ်ထဲ ဆောက်လုပ်ထားသော အိမ်ရာဟုပင် ထင်မှတ်မှားလာရသည်။ တစ်နေ့တည်းနှင့် နေ့ချင်းညချင်း ပြောင်းလဲသွားလေ၏။
ထိုအိမ်ရာတွင်း၌ သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်တစ်ယောက် ရှိနေသည်ကို မည်သူမှ မသိကြချေ။ သူသည် ဤနေရာ၌ သူတော်စင် အစောင့်အရှောက်သဖွယ် ရှိနေပြီး ကျူးကျော်လာမည့် မည်သူကိုမဆို သတ်ပစ်မည့်ပုံပင်။
ထိုအစောင့်သည် လှည့်ပတ် စောင့်ကြပ်ရင်းနှင့် အနောက်ဘက် တောင်တန်းမှ ဂူတစ်လုံးရှေ့ ရောက်သည်နှင့် အရိုအသေပေးပြီးမှ ဆက်လက်၍ ကင်းလှည့်လေသည်။
ထိုဂူအတွင်း၌ ယဲ့ဖန်သည် နဂါးသွေးကြောရှေ့ ထိုင်၍ ပူပြင်းသော ယန်စွမ်းအင်များကို စုပ်ယူနေ၏။ သူ၏ သိုင်းအဆင့်သည်လည်း တစ်ဟုန်ထိုး မြင့်တက်နေ၏။
….
သို့သော် ဖျင်အန်းမြို့မှ လူများသည် ဤအကြောင်းအရာနှင့် ပတ်သက်၍ တစ်ခုမှ မသိကြချေ။ ထိုညတာ၌ ဖျင်အန်းမြို့သည် ဆူညံ ပွက်လောရိုက်လျက် ရှိသည်။
ယဲ့မိသားစုနှင့် လင်းမိသားစုမှ သတင်းတစ်ခု ထွက်ပေါ်လာသည်။ ဖျင်အန်းတောင်မှ အိမ်ရာတွင်း၌ ဆရာသခင်က မိစ္ဆာများနှင့် သရဲတစ္ဆေများကို ကရုဏာဖြင့် သတ်ပေးနေသော်လည်း နောက်ဆုံးတွင် အမည်မသိ လူကြီးမင်း၏ တိုက်ခိုက်ခြင်း ခံရကာ ဖျင်ယန်တောင်၌ အသတ်ခံလိုက်ရသည်။
ထိုသတင်း ထွက်ပေါ်လာသည်နှင့် ဖျင်အန်းတစ်မြို့လုံး လှုပ်ခါသွားသည်။ ဆရာသခင်သည် ရွှေရောင် ခန္ဓာကိုယ်အဆင့်၌ ပြိုင်ဘက်ကင်းဟု ကျော်ကြားပြီး ခွန်အားက ကြောက်စရာ ကောင်းလှသည်။
ထို့အပြင် သူသည် လူအများ၏ အထူး လေးစားခြင်း ခံရကာ လူတို့၏ စိတ်နှလုံးကို စိုးမိုးထားနိုင်သည်။ သူ၏ သေဆုံးမှုက ဖျင်အန်းမြို့မှ လူအများအား ဝမ်းနည်းပူဆွေးစေသလို ဒေါသလည်း ထွက်သွားစေ၏။
ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ ထိုဆရာသခင်သည် ဟွိုင်အန်းစီရင်စု၏ ဆရာခင်ဖြစ်သော လူအိုကြီး ကျန်းမိန်၏ တပည့် ဖြစ်လေသည်။
လူအိုကြီး ကျန်းမိန်သည် ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်နေသော သိုင်းပညာရှင် ဖြစ်သည်။ သူသည် ဟွိုင်အန်း စီရင်စု၌ နာမည်ကြီးပြီး မသိသူ မရှိချေ။ ကောလာဟလများအရ သူ၏အသက်က နှစ်ငါးရာသို့ ရောက်နေပြီဟု ဆိုသည်။
သူ၏ လက်အောက်မှ တပည့်များသည် စစ်တပ်၊ နိုင်ငံရေးနှင့် ဟွိုင်အန်း စီရင်စု တစ်ခုလုံး၏ စီးပွားရေး နယ်ပယ်၌ ရှိပြီး တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းကြသည်။
ဆရာသခင်သည် လူအိုကြီး ကျန်းမိန်၏ ဂုဏ်အယူရဆုံး တပည့် ဖြစ်လေသည်။ ထိုကဲ့သို့သော လူမျိုးက ဖျင်အန်းမြို့၌ သေဆုံးသွားခဲ့သည်။ ထိုသို့ဆိုလျင် ဖျင်အန်းမြို့မှ လူများသည် လူအိုကြီး ကျန်းမိန်၏ ဒေါသကို ခံစားရပေတော့မည်။
ရုတ်ချည်းဆိုသလိုပင် ဖျင်အန်းတစ်မြို့လုံး သွေးပျက် ချောက်ချားလာ၏။ လူအိုကြီး ကျန်းမိန် လူလုံးထွက် မပြသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ဖျင်အန်းတစ်မြို့လုံး ပြောင်းလဲသွားနိုင်သည်ကို အားလုံး သိကြသည်။
ဟွိင်အန်း စီရင်စုတစ်ခုလုံးမှ စစ်တပ်၊ နိုင်ငံရေးနှင့် စီးပွားရေး နယ်ပယ်မှ ခေါင်းဆောင်များ၏ ဆိုးဆိုးရွားရွား ဖိနှိပ်ခြင်းကို ခံရနိုင်ချေရှိသည်။
လူအိုကြီး ကျန်းမိန်သည် အတော်ဆုံး ဆရာသခင် ဖြစ်သဖြင့် ဩဇာကြီးသော လူများ မြို့သို့လာ၍ သွေးချောင်း စီးအောင် ပြုလုပ်မည်မှာ အသေအချာပင်။
ဆရာသခင် တိုက်ခိုက်ခံရပြီး အသတ်ခံလိုက်ရသည်ဟူသော သတင်း ထွက်လာသောအခါ ဖျင်အန်းတစ်မြို့လုံး မြို့ပျက်မတတ် ဖြစ်လာပြီး လူအများစုက ယဲ့ဖန်ကို ဆဲဆိုကြိမ်းမောင်း၍ အပြစ်တင်ကြလေသည်။
ပထမတန်းစား မိသားစု ခုနစ်ခုမှ လူများကလည်း တစ်ယောက်ပြီး တစ်ယောက် ထုတ်ပြောလာသည်။
ထုံမိသားစု:
“အမည်မသိ လူကြီးမင်းက ရက်စက်လွန်းတယ်၊ ဆရာသခင်ကိုတောင် အလစ်ဝင်တိုက်ပြီး သတ်တယ်ဆိုတော့ ရူးနေတာပဲ၊ ဒီကောင်ကို သတ်ပစ်ဖို့ အကြံပေးချင်တယ်”
ခုန်မိသားစု:
“ဒီတစ်ခေါက် ကျုပ်တို့အားလုံး အင်အားအကုန်သုံးပြီး မြို့ငြိမ်းချမ်းအောင် အဲ့အမည်မသိ အရူးကို မောင်းထုတ် ကြမယ်၊ အဲ့ဒါမှ လူအိုကြီး ကျန်းမိန်ရဲ့ ဒေါသဒဏ် မသင့်မှာ”
ရှန်ကွမ်း မိသားစု:
“ကျုပ်တို့ ရှန်ကွမ်းမိသားစုက လူအိုကြီး ကျန်းမိန်နောက်လိုက်ပြီး ဒီလူသတ်သမားကို အပြစ်ပေးပါ့မယ်လို့ ကျိန်ဆိုတယ်၊ ဆရာသခင်အတွက် လက်စားချေမယ်”
“…”
လက်ရှိအချိန်တွင် ချမ်းသာသော အဖွဲ့အစည်းများအားလုံးက တညီတညွတ်တည်း ပူးပေါင်းသွားကြသည်။ ချမ်းသာသူတိုင်း ယဲ့ဖန်နှင့် ပတ်သက်မိမည်ကို စိုးရိမ်ပြီး လူအိုကြီး ကျန်းမိန်၏ အမျက်သင့်မည်ကို ကြောက်လန့် နေ၏။
ထိပ်တန်း မိသားစုကြီး သုံးခုထဲမှဖြစ်သော လင်းမိသားစုနှင့် ယဲ့မိသားစုတောင်မှ ယဲ့ဖန်ကို ဆန့်ကျင်၍ လူအိုကြီး ကျန်းမိန်ကို ကူညီအားဖြည့်မည်ဟု ပေါ်ပေါ်ထင်ထင် ပြောလာလေသည်။
ထိုအခိုက်တွင် ဖျင်အန်းတစ်မြို့လုံး သွေးပျက်နေ၏။ မိသားစုတိုင်း တစ်ဖက်တည်း ရပ်တည်လာချိန်တွင် ထန်မိသားစုတွင်း၌ အခြေအနေက တင်းမာရှုပ်ထွေးနေသည်။ ထန်မင်လီ၊ ထန်ယွင်အာနှင့် ထန်မိသားစု၏ အကြီးအကဲများအားလုံး စုဝေးနေကြသည်။
“ခွေးကောင်တွေ”
ထိုစဉ် ထန်ယွင်အာက စားပွဲပေါ်မှ လက်ဘက်ရည်ခွက်ကို ကောက်ကိုင်၍ မြေကြီးပေါ် ပစ်ပေါက်လာကာ အော်ဟစ်လေသည်။ လက်ဘက်ရည်ခွက်က ခွမ်းခနဲ ကွဲကျေသွားသည်။ ထန်ယွင်အာ၏ မျက်နှာလေးက ဒေါသကြောင့် နီမြန်းနေပြီး သူမ အံကြိတ်၍ ပြောလာသည်။
“လင်းမြောင်မြောင်၊ ယဲ့ရှောင်ထျန်း၊ ကျေးဇူးမသိတတ်တဲ့ ခွေးကောင်နဲ့ ခွေးမ၊ သူတို့နှစ်ယောက်ရဲ့ အသက်ကို လူကြီးမင်းယဲ့က ကယ်ထားပေးတာကို မေ့သွားတာလား”
“လူကြီးမင်းယဲ့ကြောင့်သာ မဟုတ်ရင် သူတို့တွေ သရဲဖြစ်နေလောက်ပြီ”
သူမအသံ၌ ဒေါသရိပ်များ ပြည့်နှက်နေသည်။ အပြင်က ကောလာဟလများက ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့၏ စနက်များဖြစ်ကြောင့် ထန်ယွင်အာ နားလည်လိုက်သည်။
ထိုသူနှစ်ယောက်က ဤသို့သော လူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။ ရတနာကို ထုတ်မပေးရ ရေးအတွက် ဆရာသခင်၏ သေဆုံးမှုကို ယဲ့ဖန်ပေါ် ပုံချကာ သေစေရန် ထောင်ချောက်ဆင်ထားခြင်းပင်။
ထန်ယွင်အာ၏ စကားကြောင့် ဘေးနားမှ ထန်မိသားစုဝင် အကြီးအကဲများ အလွန် မျက်နှာပျက်သွားသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်အား ထောက်ခံလိုပါသည်။
သို့သော် လူအိုကြီး ကျန်းမိန်၏ ကြောက်စရာကောင်းပုံကို တွေးမိသည်နှ့် ထန်မိသားစု အကြီးအကဲတိုင်း ကြက်သီးထ လာရသည်။
“ယွင်အာ”
ထိုစဉ် ထန်မင်လီက ဝင်ပြောလာသည်။ မြေးမလေးကို ကြည့်၍ သူ တည်ငြိမ်စွာ မေးလိုက်သည်။
“အရင်ကတည်းက ဆရာသခင် သေသွားတယ်ဆိုတာ မင်း သေချာလား”
“ဘိုးဘိုး၊ သမီး လုံးဝ သေချာတယ်”
ထန်ယွင်အာ၏ မျက်နှာလေးက ငိုမတတ် ဖြစ်လာ၏။
“အဲ့အချိန်တုန်းက ဆရာသခင်က သေလူ ဖြစ်ပြီးနေပြီ၊ သူက တစ်လမ်းလုံး ရာကျော်တဲ့ သရဲတွေကို ဖိတ်ခေါ်ပြီး သမီးတို့ကို သတ်ပြီး လူသားစားပွဲတော် လုပ်ချင်နေခဲ့တာ”
“ဒါပေမဲ့ သူ့ကို လူကြီးမင်းယဲ့က သတ်လိုက်တယ်”
သူမစကားကြောင့် ထန်မင်လီက ခေါင်းညိတ်၍ ထန်မိသားစုဝင် အကြီးအကဲများကို ဝေ့ကြည့်လိုက်သည်။
“မင်းတို့ ဘယ်လို သဘောရလဲ”
ထန်မင်လီ မေးလိုက်သည်။ ဤကိစ္စသည် ဘက်ရွေးရ‌သော ကိစ္စဖြစ်သောကြောင့် အရေးကြီးပေသည်။ လက်ရှိတွင် ထန်မိသားစုဝင်တိုင်း တွေဝေနေကြသည်။ နောက်ဆုံးတွင် တစ်ယောက်က ထရပ်၍ ပြန်ဖြေ လာသည်။
“သခင်ကြီး ကျုပ်စိတ်က ယဲ့ဖန်ကို ထောက်ခံပါတယ်၊ ကျုပ်တို့ ထန်မိသားစုနဲ့ ဖျင်အန်းမြို့ကို သူ ကယ်ခဲ့ တာပဲလေ”
ထိုသို့ပြောနေစဉ်တွင် ထိုသူက စိတ်မလုံလာဟန်ဖြင့် ဆက်ပြောလေသည်။
“ဒါက အကွက်ချခံရတာ ဖြစ်ပင်မယ့် လူကြီးမင်းယဲ့က ပြန်ငြင်းနိုင်မှာ မဟုတ်ဘူး၊ ယွင်အာက သက်သေခံ မယ်ဆိုရင်တောင်မှ အသုံးမဝင်ဘူးလေ”
“ဘာလို့လဲဆိုတော့ လူအိုကြီး ကျန်းမိန်က စိတ်ကြီးတယ်၊ ဘာပဲဖြစ်ဖြစ် ဆရာသခင်ရဲ့ ခန္ဓာကိုယ်က ယဲ့ဖန်ကြောင့် တစ်စစီ ဖြစ်သွားတာလေ”
“ဒါက လက်စားချေမှာ အသေအချာပဲ”
“အဲ့ဒါကြောင့် ထန်မိသားစုက … ကျန်းမိန်ကို ထောက်ခံသင့်တယ်လို့ ထင်တယ်”
ဤအကြံပြုချက် ထွက်လာပြီးသည်နှင့် ထန်မိသားစု၏ ခန်းမ၌ ဆူညံသွားသည်။ ချက်ချင်းဆိုသလိုပင် ဒုတိယ အကြီးအကဲနှင့် တတိယ အကြီးအကဲ စသည်ဖြင့် တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ထရပ်ကာ အဘိုးထန်ကို အရိုအသေ ပေး၍ ပြောလာသည်။
“သခင်ကြီး ကျုပ် ထန်မြောင် ပြောတာကို သဘောတူပါတယ်၊ ကျုပ်တို့ လူအိုကြီး ထျန်းမိန်ဘက်က နေသင့်တယ်လို့ ထင်တယ်”
“ကျုပ်လည်း အဲ့လိုထင်တယ်”
“ကျုပ်ရောပဲ”
“…”
လက်ရှိအချိန်တွင် အိမ်တော်မှ လူအများစုက ကျန်းမိန်ဘက်က နေလိုကြသည်။ ဤအဖြစ်ကြောင့် ထန်ယွင်အာ၏ မျက်နှာလေးက သွေးမရှိသကဲ့သို့ ဖြူရော်သွားလေသည်။
“ယွင်အာ၊ မင်းရော ဘယ်လိုသဘောရလဲ”
ထန်မင်လီက ထန်ယွင်အာကို ကြည့်၍ မေးလာသည်။ နောက်ဆုံး ဆုံးဖြတ်ချက် ချတော့မည့်ပုံပင်။
“သမီးကတော့ လူကြီးမင်းယဲ့ကို ထောက်ခံတယ်”
ထန်ယွင်အာက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမက ထန်မိသားစုဝင်တိုင်းကို ဝေ့ကြည့် လိုက်သည်။
“လူကြီးမင်းယဲ့က ကျွန်မနဲ့ အဘိုးရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ၊ ရှင်တို့အားလုံး သူ့ကို ဆန့်ကျင်ပြီး တိုက်ခိုက်မယ် ဆိုရင်တောင်မှ ကျွန်မ သူ့ဘက်ကပဲ နေမယ်”
“သေရင်တောင်မှ … သူ့ဘက်က နေမယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now