Chapter 1179

333 44 1
                                    

စာစဉ် 79 Chapter 1179 သူ့နာမည်က ယဲ့ဘုရင်

လက်ညှိုးတစ်ခါထိုးသည်နှင့် လူတစ်ယောက် ပေါက်ကွဲရသည်။ ကောင်းကင်ဘုံအား ဆန့်ကျင်သော နည်းလမ်း လိုပင်။ ဤလောက၌ သူ့ကို မည်သူမှ မသတ်နိုင်သလိုပင်။ အလွန်အမင်း ရက်စက်လွန်းလှသည်။

တစ်ဒင်္ဂအတွင်း ပါရမီရှင်များ အော်ပင် မအော်နိုင်ပဲ နေရာမှာတင် ကြက်သေ သေနေကြသည်။ နောက်ထပ် ဘယ်သူ ဆက်သေမည်နည်း။ အားလုံးက လက်ညှိုးထိုးခံရသည်နှင့် တန်းသေမှာပင်။ လူတိုင်း ချက်ချင်း ဒူးထောက်လိုက်မိသည်။

"ယဲ့ ... လူကြီးမင်းယဲ့ ညှာတာပေးပါ၊ ကျုပ်တို့အားလုံး လှည့်စားခံရတာပါ၊ အဲ့ဒါကြောင့် ကျုပ်တို့ ခင်ဗျားကို ရန်လုပ်မိတာပါ"

"ဟုတ်ပါတယ်၊ ကျုပ်တို့အားလုံး လီဟွမ်ရီ လှည့်စားတာကို ခံခဲ့ရတာပါ၊ သူက ကျုပ်တို့ကို ခင်ဗျားကို ဒီမှာ ဝိုင်းဖမ်းပြီး အနိုင်ယူဖို့ ပြောခဲ့တာပါ၊ ဒါတွေအားလုံးက သူ့အမှားပါ"

ယဲ့ဖန်က အလွန် ကြောက်စရာကောင်းသည်ကို သူတို့ ကြိုသိခဲ့ပါက ဇွဲကြီးသော ကျားသစ်တစ်ကောင်၏ သတ္တိမျိုး သူတို့၌ ရှိနေလျင်ပင် ယဲ့ဖန်ကို တိုက်ခိုက်ရဲမည် မဟုတ်ပါ။

သူတို့ တကယ် ကြောက်ရွံ့နေကြသည်။ သူတို့သည် ပါရမီရှင်များ ဖြစ်ပြီး မည်သူမှ အလွယ်တကူ မထိနိုင်သော ကောင်းကင်မှ လမင်းကဲ့သို့ လူများ ဖြစ်ခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် ဘဝမြင့်၍ သွေးကြီးကြသည်။ လူငယ်မျိုးဆက်များကြား၌ သူတို့အား ယှဉ်နိုင်သူဟူ၍ မရှိကြပေ။

ထို့ကြောင့်ပင် ယဲ့ဖန်ကို သူတို့ ဝိုင်းထားခဲ့စဉ်က ယဲ့ဖန် ဘယ်လိုမှ ထွက်မပြေးနိုင်ဟု သူတို့ ယုံကြည်ချက် ရှိခဲ့ကြသည်။ သူတို့က ယဲ့ဖန်၏ သေခြင်းတရားကိုပင် ကြိုမြင်ယောင်ခဲ့လေသည်။

သူတို့ကြောင့် ယဲ့ဖန် အရေခွံ နွှာခံရရင်ရ မဟုတ်လျင် ခေါင်းဖြတ်ခံရ၍ သွေးများက နေရာအနှံ့သို့ လွင့်စဉ် သွားမည်ဟု ထင်ခဲ့ကြသည်။

ယဲ့ဖန် သူတို့ရှေ့ ခွေးလို ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းပန်လိမ့်မည်ဟုပင် ထင်မှတ်ခဲ့လေသည်။ ထို့နောက်တွင် သူတို့က ယဲ့ဖန်၏ အော်ဟစ်ဆဲဆိုသံများကို အဝနားထောင်ပြီးသည်နှင့် သတ်ဖြတ်ပစ်မည်ဟု အစကတည်းက ကြံစည်ခဲ့သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now